မိတ်ဆက်ခြင်း
Unicode
************************
"လွန်ခဲ့တဲ့ခြောက်လလောက်မှစပြီး ဂန်းစတားတွေရဲ့ပြင်းထန်သောရန်ပွဲများမှာ ပိုမိုဖြစ်ပွားလာခဲ့ပြီး သူတို့ရဲ့ပိုင်နက်နေရာများအကြားမှာ သဘောထားကွဲလွဲမှုများစွာပေါ်ပေါက်နေပါတယ်... သက်ဆိုင်ရာအစိုးရအေဂျင်စီများနှင့် အာဏာပိုင်များမှာ ထိုမျိုးရိုးစဉ်ဆက် ဆက်ခံလာသော ဂန်းစတားဂိုဏ်းများအကြားမှ ရန်ဆောင်နေမှုများကို ဖြေရှင်းရန် နည်းလမ်းရှာဖွေနေလျက်ရှိပါတယ်။ ရာဇဝတ်မှုနှင့် လူမှုရေးပြဿနာဆိုင်ရာကျွမ်းကျင်သူတွေရဲ့တင်ပြချက်အရ............."
" မနေ့ညကတောင်မြို့လယ်ခေါင်ကြီးမှာ သေနတ်တွေနဲ့ပစ်ကြသေးတယ်လို့ကြားတယ် "
" တကယ်ကြီးလား? အဲ့အနီရောင်နယ်မြေကဘားကိုသူတို့ဖျက်ဆီးမပစ်လိုက်ဘူးလား ဒါမှမဟုတ်အဲ့ဒါမတူတဲ့ဂန်းကလား..."
"ဘယ်လိုလုပ်သိမှာလဲ အဲ့ဒီလိုလူတွေကငါတို့အဖိုးတွေအဖွားတွေ စတွဲတဲ့အချိန်ကတည်းကဒါမျိုးတွေလုပ်နေတာလေ ... အစိုးရနဲ့ရဲဘက်ကဟာတွေကရော အဲ့ဒီဂန်းတွေနဲ့ကြံရာပါတွေမဖြစ်နိုင်ဘူးလား မဟုတ်ရင်သူတို့ဂန်းတွေဒီလောက်နှစ်ပေါင်းအကြာကြီးရှိနေနိုင်ဦးပါ့မလား... သူတို့ကအမြဲဒီလိုပဲလမ်းတွေပေါ်ပစ်ကြခတ်ကြနဲ့ သူတို့ပျော်လို့ဝရင်တော့ ဒီတိုင်းကြီးထားပစ်ခဲ့ကြတာ ရဲတွေကမသိရင် ပါတီပြီးသွားတဲ့အချိန်တံမြက်စည်းလှဲဖို့ အမှိုက်သိမ်းဖို့ခေါ်ထားတဲ့ သန့်ရှင်းရေးသမားတွေကျနေတာပဲ "
" ကိုယ့်ပါးစပ်ကိုယ်ထိန်း မင်းအဲ့လိုဗရုတ်သုတ်ခတွေလမ်းပေါ်လျှောက်ပြောရင်း ပြဿနာထဲပါသွားဦးမယ် "
"ပါပါကွာ ... မသိဘူးဗိုက်ဆာတယ် တစ်ခုခုသွားစားရအောင်"
တက္ကသိုလ်ဝန်းထဲတွင် မေဂျာစုံအတန်းစုံမှကျောင်းသားများဖြင့်ပြည့်နေ၏။ နေ့ခင်းအတန်းတွေတော်တော်များများက ပြီးကုန်ကြပြီ။ ကျောင်းသားအများစုမှာ နောက်အတန်းတစ်တန်းမတက်မီ လေကောင်းလေသန့်လာရှူကာအပန်းဖြေကြရင်း သူတို့စိတ်ကျေနပ်ပြီဆိုရင် အတန်းတက်ဖို့ထွက်သွားတတ်ကြသည်။ ဤသည်က မြို့အတွင်းမှာ နောက်ထပ်လူငယ်တွေနဲ့ပဲဖွဲ့စည်းထားတဲ့ သီးခြားမြို့လေးတစ်ခုထပ်ရှိနေသလိုပင်။ အိမ်မက်တွေ၊ မျှော်လင့်ချက်တွေအပြည့်နဲ့လူငယ်ကလေးတွေ..။ အရွယ်ရောက်လာတဲ့ဘဝရဲ့တစ်ချို့ကြမ်းတမ်းမှုလေးတွေကြောင့် အဲ့အိမ်မက်လေးတွေက မှန်းချက်နဲ့နှမ်းထွက်ကိုက်မနေတာလည်း အပါအဝင်ပေါ့။
ကုန်းကျွင့် သူ့ရဲ့စလင်းဘတ်ကို ပုခုံးပေါ်သေချာပြင်လွယ်လိုက်သည်။ သူ့အရပ်က တခြားသက်တူရွယ်တူတော်တော်များများထက်မိုး၍နေသည်။ တကယ်လို့ဒီတက္ကသိုလ်မှာသာ အရပ်ရှည်ဆုံးပြိုင်ပွဲလုပ်မယ်ဆိုရင် သူကTop 10ထဲဝင်မှာအသေချာ။ ဒီကမ္ဘာမှာ ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် ဒီလိုမျိုးထွားထွားကျိုင်းကျိုင်းဖြစ်ဖို့ လူတိုင်းကောင်းချီးပေးခံမနေရပါ။ သူလိုမျိုးလေ့ကျင့်ခန်းပုံမှန်လုပ်ပြီး တောင့်တောင့်တင်းတင်းနဲ့ဒီမှာရှိသမျှလူတိုင်း ကြွေကျမြေခချင်စရာဘော်ဒီမျိုးရောရှိဖို့ဆိုရင် ပိုတောင်ဝေးသေး။
ဒါကအယ်ဖာတစ်ယောက်ဖြစ်နေလို့ပါလို့လူအများကတော့သမုတ်ကြမည်ပင်။ တစ်ချိန်တည်းမှာ သူကရှက်တတ်တဲ့ကောင်လေးတစ်ယောက်ဖြစ်ပြီး ဖော်လည်းဖော်ရွေတတ်သေးသည်။ ယင်းကသူ့ကို ပထမတစ်ကြိမ်တွေ့ရုံနဲ့တင် လူအများချဉ်းကပ်ရမိတ်ဖွဲ့ရလွယ်ကူစေမည်ဟုထင်ခံရစေနိုင်သည်။ သူ့ကတကယ်ပဲသူငယ်ချင်းတွေနဲ့ ဆရာတွေသဘောကျတာခံရပါတယ်။ ဒါပေမဲ့သူ့ရဲ့ဖာသိဖာသာနေတတ်မှုကြောင့် ကုန်းကျွင့်မှာချဉ်းကပ်ရမလွယ်သောအယ်ဖာတစ်ယောက်ဖြစ်လို့နေသည်။
အတန်းတွေပြီးလို့သူငယ်ချင်းနဲ့လမ်းခွဲခဲ့ရင်း မနက်ကတည်းကလိမ်လိမ်မာမာစောင့်နေတဲ့သစ္စာရှိတဲ့သူ့စက်ဘီးဟောင်းလေးရှိရာ စက်ဘီးပါကင်သို့သူခပ်သုတ်သုတ်ထွက်လာခဲ့၏။ လမ်းတစ်လျှောက်လုံး လူတွေက အထိကရုဏ်းတွေအကြမ်းဖက်မှုတွေအကြောင်းကိုသာပြောဆိုနေကြပြီး ယင်းကဒီလိုသာယာနေတဲ့ပုံမှန်လူ့အဖွဲ့အစည်းကို တမြေ့မြေ့တက်လာတဲ့ကျူမာတစ်ခုလိုဖျက်ဆီးနေကြောင်းပြောနေကြသံတွေသူကြားရသည်။ ထိုအကြောင်းကအခုတလောလူတွေငြင်းကြခုံကြဆွေးနွေးကြဖို့အကောင်းဆုံး အဟော့ဆုံး ခေါင်းစဉ်တစ်ခုဖြစ်နေဟန်တူသည်။ သူတို့ကျောင်းသားကန်တင်းရဲ့အကြီးဆုံးတီဗွီကြီးမှာတောင် ထိုဖီလာဖာလာရုန်းရင်းဆန်ခတ်များအကြောင်း ထုတ်လွှင့်တင်ဆက်နေသော သတင်းများကိုသာပြသနေတဲ့အထိပဲ။
ဒီလိုကိစ္စမျိုးနဲ့ တိုက်ရိုက်မပတ်သတ်မိသေးသ၍ကတော့ သူတို့ဟာသူတို့ပါးစပ်ကအမြှုပ်ထွက်မတတ် စမြုန့်ပြန်နေပါစေ ဒါကဘာမှအသုံးမဝင်ပေ။ ကုန်းကျွင့်ကတော့ ဒီကိစ္စနဲ့ပတ်သတ်ခဲ့မိသလားမပတ်သတ်ခဲ့မိသလား သူ့ကိုယ်သူပြန်စဉ်းစားနေရသည်။
"ရိုးရိုးရှင်းရှင်းပဲတွေးပြီး မေ့လိုက်တာပေါ့... ပုံမှန်ဘဝအကြောင်းပဲအာရုံစိုက်တာပေါ့"
ကျောက်ခင်းလမ်းလေးပေါ် စက်ဘီးကလေးကတလိမ့်လိမ့်။ စက်ဘီးစီးတဲ့သူကို ကျောင်းဝန်းကြီးအပြင်ဘက်လမ်းဆီခေါ်ဆောင်သွားရင်း ညနေခင်းလူသွားလူလာရှုပ်ထွေးလုရှုပ်ထွေးခင်လမ်းမပေါ်ဖြတ်သန်းသွား၏။ နွေဦးရဲ့လေညင်းကလေးက သူ့မျက်နှာဘက်ကိုညင်ညင်သာသာထိတွေ့ကလူကျီစယ်သွား၏။ ကုန်းကျွင့်နှာခေါင်းတစ်လျှောက် ပန်းရနံ့နဲ့စိမ်းစိုစိုသစ်ပင်သစ်ရိပ်ရနံ့ဖျော့ဖျော့များ လေညင်းကဆောင်ယူသယ်လာသည်။ သာယာသောရာသီဥတုက ဒါဟာနောက်ထပ်သာမန်နေ့ရက်ကလေးတစ်ရက်ပါပဲလို့သူ့ကိုချွေးသိပ်ပေးနေသယောင်။ လွန်ခဲ့တဲ့ကျောင်းပိတ်ရက်တုန်းကအဖြစ်အပျက်တွေနဲ့မကြုံရသေးခင်အထိ အရင်တုန်းကလိုပဲသာမန်နေ့ရက်လေးတွေဖြစ်နေပါသေးတယ်လို့ ဆက်ပြီး ဟန်ဆောင်နေဖို့ပဲတွေးလိုက်သည်။
ကျေးလက်ဒေသရှိနယ်မြို့လေးတစ်ခုကနေ ကုန်းကျွင့်ဒီလိုမြို့ကြီးပြကြီးကိုလာခဲ့တာ။ သူ့မှာ ကျောင်းစရိတ်ကင်းလွတ်ခွင့်နဲ့တက္ကသိုလ်တက်နိုင်ဖို့ အစိုးရစကော်လာရှစ်ထောက်ခံချက်တွေနဲ့ နေ့စဉ်အသုံးအဆောင်တွေကလွဲလို့ဘာမှပါမလာခဲ့။ နယ်မှာကျန်ခဲ့တဲ့သူ့မိသားစုက လယ်လုပ်ငန်းလုပ်တာဖြစ်ပြီး ကုန်းကျွင့်ကိုတစ်လတစ်ခါတော့မုန့်ဖိုးပို့ပေးသည်။ အမှီအခိုကင်းကင်းနဲ့နေဖို့သူလေ့ကျင့်နေရင်း သူအချိန်ပိုင်းအလုပ်တစ်ခုရခဲ့သည်။ အလုပ်ရတာက မိဘအပေါ်အပြည့်အဝကြီးမှီခိုစရာမလိုတော့ကြောင်းအာမခံချက်တစ်ခုပင်။ ကျောင်းCampusနားလေးကအနီးဆုံး ဈေးအသက်သာဆုံးတိုက်ခန်းတစ်ခန်းသူငှားခဲ့သည်။ ကျောင်းနဲ့အခန်းကိုစက်ဘီးစီးပြီးသွားတာက သူ့အတွက်လမ်းစရိတ်သက်သာစေ၏။ သူ့ရဲ့တစ်ခုတည်းသောရည်မှန်းချက်က ဆရာဝန်ကောင်းတစ်ယောက်ဖြစ်လာရန်ဖြစ်ပြီး သူ့နယ်မှာသူ ဆေးခန်းကလေးဖွင့်မယ် ဒါပါပဲ။ ဘာမှရည်ရွယ်ချက်ခပ်ကြီးကြီး တခမ်းတနားလုပ်မနေ။
ဒါပေမဲ့ဒီလိုရည်ရွယ်ချက်သိပ်မကြီး သိပ်မကြီးကျယ်မခမ်းနားတဲ့သူ့ဘဝလေးကို ကံတရားကကြိုတင်အသိမပေးပဲ အံ့အားသင့်စရာအရာကြီးတစ်ခုသူ့တံခါးဝမှာလာချပေးခဲ့ဟန်တူသည်။ ဒါမျိုးsurpriseကြီးက သူ့သူငယ်ချင်းတွေရဲ့ဘဝတစ်လျှောက်လုံးတစ်ခါလေးတောင် မကြုံခဲ့ဖူးတဲ့အတွေ့အကြုံမျိုးဖြစ်၏။
အဲ့ညက ကုန်းကျွင့်သွားတိုက်ဆေးကုန်နေလို့ဆိုပြီး အပြင်ထွက်လာခဲ့တာ။ သူတိုက်ခန်းနားလေးက နှစ်ဆယ့်လေးနာရီစတိုးကဆိုင်ပိတ်သွားခဲ့ပြီ။ ဒီတော့သူ့စက်ဘီးလေးယူပြီးတခြားဆိုင်တစ်ဆိုင်ရှာဖို့လုပ်ခဲ့ရသည်။ ဘယ်သူကထင်မှာလဲ။ တိမ်ကင်းစင်လုနီးပါးကောင်းကင်ကရုတ်တရက်ကြီးမိုးရွာချလာလိမ့်မယ်လို့လေ။ သူအိမ်ပြန်တဲ့လမ်းမှာမိုးကသည်းသည်းထန်ထန်ရွာချလာခဲ့သည်။
နောက်ထပ်ရော? သူ့တိုက်ခန်းကိုဖြတ်လမ်းကဖြတ်ပြန်ရင်း အနီရောင်နယ်မြေကဘားထဲကနေသေနတ်သံတွေနဲ့ အော်သံဟစ်သံတွေ ကြားခဲ့ရသည်။ ပြီးတော့လူတစ်ယောက်ကလမ်းကြားထဲ ဒယိမ်းဒယိုင်ပြေးလာပြီး လဲကျသွားတယ်လေ။
ဖြစ်ကောင်းဖြစ်နိုင်တာက သူ့ရဲ့ဆရာဝန်လောင်းလျာပင်ကိုယ်ဗီဇကြောင့် ဒါမှမဟုတ်လည်းသူကငတုံးလေးဖြစ်နေလို့ဖြစ်မှာပဲ။ သူဒါကိုမမြင်ချင်ယောင်မဆောင်လိုက်နိုင်လို့စက်ဘီးကိုရပ်ထားခဲ့ရင်း မိုးသည်းသည်းကြားထဲ ထိုလူစိမ်းကိုသူသွားကြည့်ခဲ့သည်။ ထိုလူကအသက်နှစ်ဆယ့်ကိုး သုံးဆယ်ကျော်ဝန်းကျင်လူတစ်ယောက်ဖြစ်ပြီး အိုမီဂါတစ်ယောက်ဖြစ်နေမှန်း သဘောပေါက်ရန်မကြာလိုက်ချေ။ ပြီးတော့ထိုအိုမီဂါက ခါးစောင်းမှာဒဏ်ရာကြီးနဲ့သွေးတွေကအများကြီးထွက်နေသေးတယ်လေ။
ဒဏ်ရာရနေတဲ့သူတစ်ယောက်ကိုမြင်ရင်ဖြစ်သင့်တာကဘာလဲဆို အမြန်အရေးပေါ်ကိုဖုန်းဆက်ပြီး ဆေးရုံကိုခေါ်သွားပေးရမှာ။ ကုန်းကျွင့်လည်း တခြားအသံဗလံတွေ လမ်းကြားရဲ့တစ်ဖက်ကနေထွက်မလာခင်အထိ ဒီလိုလုပ်ဖို့တွေးမိပါသေးသည်။ ဒါကဘာပဲဖြစ်ဖြစ် ဒီလူတွေကဒီဒဏ်ရာရနေတဲ့လူကိုလိုက်ရှာနေကြတာဖြစ်ပြီး ကူညီဖို့လိုက်ရှာနေတာတော့ဖြစ်ဟန်မတူချေ။ ဒီတော့သူအကြောက်လွန်သွားပြီး ထိုလူကိုလမ်းကြားထဲကနေသယ်သွားပြီးသူ့ဘီးလေးရှိတဲ့ဆီပြန်လာ ပြီးတော့တိုက်ခန်းကို လူတွေသတိမထားမိအောင် ခေါ်သွားလိုက်တာပဲ။ သူနဲ့အဲ့လူနှစ်ယောက်လုံးကြွက်စုတ်ကလေးတွေလို ရွှဲရွှဲစိုကုန်သေးသည်။
ကံကောင်းချင်တော့ ထိုလူရဲ့ဒဏ်ရာက သိပ်မနက်ပဲ ကိုယ်တွင်းအင်္ဂါတွေနဲ့လွတ်သွားတာကြောင့် သူ့ရဲ့ရှေးဦးသူနာပြုဆေးသေတ္တာအကူညီနဲ့ပဲသူဖြေရှင်းလိုက်နိုင်သည်။ သို့သော်ထိုလူမှာ တစ်ကိုယ်လုံးအေးစက်နေပြီး လုံးဝသတိမလည်လာတဲ့အခြေနေဖြစ်နေတာကြောင့် မတတ်နိုင်ပဲသူ့တိုက်ခန်းမှာပဲ တစ်ညသိပ်လိုက်ဖို့အကြောင်းဖန်လာတော့သည်။ ဒဏ်ရာရနေတဲ့သူတစ်ယောက်ကိုကြမ်းပြင်ပေါ်မသိပ်လိုက်နိုင်လို့ သူပဲကြမ်းပြင်ပေါ်အိပ်ပြီး အဲ့လူကိုကုတင်ပေါ်တင်သိပ်လိုက်ရသည်။
သို့သော်စိတ်ရှုပ်ချင်စရာပင်။ အဲ့လူကနောက်နေ့မနက်ရောက်တော့ မပြောမဆိုကြီးထွက်သွားသည်။ ပိုပြီးစိတ်ရှုပ်စရာကောင်းတာကဘာလဲဆို မြို့ထဲမှာအကောင်းဆုံး ပရိဘောဂလုပ်ငန်းတစ်ခုထံမှ သူ့ဆီကိုအိပ်ရာကြီးတစ်လုံး deliveryနဲ့ပို့လာသည်။ သူ့အိပ်ရာအဟောင်းလေးကိုဖယ်ပြီး အိပ်ရာအကောင်းစားအသစ်ကြီးနဲ့ မပြောမဆိုလာလဲပေးနေကြတာ။ ပြီးတော့ ကြယ်ငါးပွင်ဟိုတယ်တွေမှာသာတွေ့ရတတ်တဲ့ခေါင်းအုံးတွေ အိပ်ရာခင်းတွေ စောင်တွေ setလိုက်ကြီး။ ထို့ပြင် သူတစ်နှစ်လုံးအချိန်ပိုင်းလုပ်ရင်တောင်ဝယ်နိုင်မည့်ပုံမပေါက်သော နိုင်ငံခြားဘရန်း pajamasတစ်ထည်တောင်ပါလိုက်သေးသည်။
သူ့ကိုဒီလိုမျိုး လှတပတ အမိုက်စားလက်ဆောင်တွေပို့ပေးရမဲ့အစား ပုံမှန်လူတွေလို လူချင်းတွေ့ကျေးဇူးတင်ဖို့တောင်အချိန်မရတဲ့သူက ဘယ်လိုလူမျိုးဖြစ်မလဲသူခက်ခက်ခဲခဲတွေးယူလိုက်ရပြီး အဲ့ဒါသူကယ်ခဲ့တဲ့အိုမီဂါကလွဲ တခြားသူမဖြစ်နိုင်ဟု သူကောက်ချက်ချလိုက်သည်။ အဲ့ဒီလူရဲ့ အလုပ်အကိုင်ကဘာများလဲ သူကဘယ်လိုလူမျိုးများလဲဆိုပြီးသူရှာကြည့်ချင်မိပေမဲ့ ခွင့်ပြုချက်မရပဲသူများidentityကိုလိုက်တာမဖြစ်သင့်ဟု ကုန်းကျွင့်ကိုယ့်ကိုယ်ကိုယ်ဆုံးမလိုက်သည်။ ဒါထက် အဲ့လူရဲ့သွေးအလိမ်းလိမ်းနဲ့ပုံစံကိုခဏဖယ်ထားလိုက်ရင် သူမှတ်မိတာဆိုလို့ လိမ္မော်သီးနဲ့ ဟိုက်ဒရန်ဂျာ (ခြောက်လပန်း) ပန်းပွင့်ရနံ့ရောနေတဲ့ ဖယ်ရိုမုန်းအနံ့ပဲရှိတာ။
သူက အရမ်းလှတဲ့ အိုမီဂါတစ်ယောက်...။
အတွေးတွေကို ကြုံခဲ့ရတဲ့ထိုအဖြစ်ပျက်ထဲ လှည့်လည်နေရင်းနဲ့ပဲ သူ့စက်ဘီးဟောင်းလေးသည် ဦးတည်ရာနေရာသို့ရောက်လာခဲ့တော့၏။
ဈေးဆိုင်တန်းများရှိရာလမ်းလေးထဲတွင် ဆိုင်ကြီးဆိုင်ငယ်များစီတန်း၍နေသည်။ ထိုထဲမှာဆိုင်လေးတစ်ဆိုင်မှာ ဆေးအရောင်တောက်တောက်ပပသုတ်ထားပြီး ဆိုင်အတွင်း၌လည်း ရင်းနှီးပျူငှာပြီး သာယာသောလေထုကိုဆောင်ကြဉ်းနေ၏။ ဆိုင်အတွင်းပိုင်းမှာ ခွေးကာတွန်းရုပ်ကလေးများနှင့် ခွေးလက်ဖဝါးပုံလေးများအလှဆင်ထားသည်။ ဆိုင်ထဲလျှောက်ကြည့်မယ်ဆိုရင် မစိမ်းသက်သော ဟောင်သံ၊ ညှောင်သံကလေးများကြားနိုင်သည်။
ကုန်းကျွင့်သူ့ဘီးကလေးကို ဆိုင်ရဲ့ထောင့်တစ်နေရာ အနောက်ဘက်လမ်းထိစီးလာပြီး ရပ်ကာ သော့ခတ်လိုက်သည်။ နောက်ပြီးသူဆိုင်ထဲကို အနောက်ပေါက်မှဝင်လာခဲ့၏။
"ဟော... ကျွင့်ကျွင့်ကြီးရောက်လာပြီ"
အလုပ်သမားတွေထဲကတစ်ယောက်ကသူ့ကိုဝင်လာလာချင်းနှုတ်ဆက်နေတော့ သူရှက်သွေးဖြာသွာရပြီး သူ့လက်ကအလိုအလျောက် မျက်နှာကိုကုတ်နေမိတော့၏။
"ကျဲ... ကျွန်တော့်ကိုအဲ့လိုကြီးမခေါ်ပါနဲ့ဗျာ"
ကုန်းကျွင့်ရှက်ရှက်နှင့်ပြောလိုက်သည်။
"ဘာလို့မခေါ်ရမှာလဲ ဒီဆိုင်မှာကျွင့်ကျွင့်ကနှစ်ယောက်တောင်ရှိတာလေ အဲ့တော့ငါတို့နည်းနည်းလေးကွဲပြားအောင်ဒီလိုလေးနာမည်မတူအောင်ပေးထားရတာပေါ့ "
"မဟုတ်ဘူးဗျာ ကျဲကအဲ့လိုခေါ်တော့ ကျွန်တော်ကကြီးစဉ်ငယ်လိုက် စီနီယာဂျူနီယာဝါကို ဖောက်ဖျက်နေသလိုကြီးခံစားရတယ်ဗျ"
"အော်... ဘာပဲဖြစ်ဖြစ် မင်းကပိုထွားတာအသိသာကြီးကို တခြားကျွင့်ကျွင့်ကလည်း အဲ့ဒါကိုနားလည်မှာပါ"
သူ့အလုပ်ဖော်အစ်မက သူ့ကိုပြုံး၍ပြောလာသည်။
"သွားသွား မြန်မြန်အဝတ်လဲချည်... ဒီနေ့ဆိုင်ကလူရှုပ်တယ် နောက်ထပ်ကူညီမဲ့လက်တစ်စုံအမြန်ဆုံးလိုအပ်နေပြီ"
ကုန်းကျွင့် ခပ်မြန်မြန်အဝတ်လဲခန်းထဲသို့သွားပြီး သူ့ရဲ့ပုံမှန်အဝတ်အစားတွေကို ဆိုင်တံဆိပ်ပါတဲ့တီရှပ်အဖြူရောင်လေးနဲ့ လဲဝတ်လိုက်သည်။ နောက်ပြီးအပေါ်ကနေ အေပရွန်တစ်ထပ်ဝတ်ရသည်။ အဝတ်လဲပြီးချိန်မှာတော့ သူဆိုင်ရဲ့ publicနေရာကို အလုပ်လုပ်ဖို့ထွက်လာခဲ့လိုက်၏။
တံခါးဖွင့်လိုက်တာနဲ့ စိတ်လှုပ်ရှားနေသောဟောင်သံကလေးများကသူ့ကိုမိတ်ဆက်လာပြီး ခြေလေးချောင်းရှိ စုတ်ဖွားလုံးလေးများ အမြီးတနှံ့နှံ့လျှာတစ်လစ်ဖြင့် သူ့ကိုဝန်းရံထားကြတော့သည်။
သူတို့ဆိုင်ကမြို့ထဲမှာဆိုရင် ခွေးကဖေးလို့ကျော်ကြားသည်။ ဆိုင်က အနားယူအပန်းဖြေဖို့နဲ့ကစားဖို့အတွက်ဖွင့်ထားခြင်းဖြစ်သည်။ ကာစတန်မာတွေအေးအေးလူလူ သောက်စရာမှာသောက် ပေါ့ပေါ့ပါးပါးစားစရာမှာစားနိုင်သည့်အပြင် ဆိုင်ကပိုင်တဲ့ တိရစ္ဆာန်လေးတွေနဲ့လည်း ခင်ခင်မင်မင်ဆော့လို့ကစားလို့ရသေးသည်။ ခွေးလေးတွေထားတဲ့နေရာနဲ့ ကော်ဖီဆိုင်အခင်းအကျင်းနေရာကဆက်နေတာကြောင့် ကာစတန်မာတွေကော်ဖီသောက်နေတုန်း ဆိုင်ထဲခွေးလေးတွေရောက်လာလာတတ်ပြီး သူတို့ရဲ့စူးစမ်းချင်နေတဲ့နှာခေါင်းလေးတွေနဲ့ ကာစတန်မာတွေရဲ့ခြေထောက်ကိုလိုက်နမ်းကြည့်နေတတ်တာမျိုးကဆိုင်မှာမဆန်းတော့။
ခွေးလေးတွေတစ်ကောင်ချင်းစီကို ခေါင်းပုတ်နှုတ်ဆက်လိုက်ပြီး သူလက်ဆေးကာ အလုပ်လုပ်ဖို့ပြင်ရတော့သည်။ အလုပ်ဖော်အစ်မပြောသလိုပင် ဒီနေ့ကျမှ တခြားနေ့တွေထက် ဆိုင်က လူတွေပိုကျနေသည်။ ကုန်းကျွင့်မှာ အသစ်ထပ်ထပ်ရောက်လာတဲ့ကာစတန်မာများရဲ့ အတောမသတ်နိုင်သော အော်ဒါများကြား နစ်မြုပ်သွားသလိုတောင်ခံစားလိုက်ရ၏။
အမှာများလက်ခံပြီး ကော်ဖီကျိတ် လက်ဖက်ရည်ဖျော် အစာသွပ်မုန့်တွေကိုလှလှလေး ပလိတ်တင်လုပ်ပြီး သူ့ရဲ့စားပွဲထိုးလုပ်ဖော်ကိုင်ဖက်များကို ကာစတန်မာတွေဆီအမြန်ဆုံးရောက်အောင်ပို့ပေးဖို့သာ ကုန်းကျွင့်အာရုံစိုက်ထားလိုက်သည်။ သူအလုပ်ကလွဲတခြားအရာတွေဘယ်ဟာမှ အာရုံမစိုက်နိုင်အားပါ။ အလုပ်ချိန်မှာဘယ်သူတွေဝင်လာတယ်ထွက်သွားတယ်ဆိုတာသိဖို့က ဝေလာဝေး။
ဆိုင်ကမှန်တွေကာရံထားလို့အပြင်ကိုမြင်ရပေမဲ့လည်း ဆိုင်ရဲ့အပြင်မှာ အနက်ရောင်ကားအကောင်းစားတစ်စီးရပ်လိုက်တာကို သူမမြင်အားလိုက်။ ထိုကားထဲမှာလူတစ်ယောက်ထွက်လာပြီး ကော်ဖီဆိုင်ထဲတန်းတန်းမတ်မတ်ဝင်လာ၏။
ဆိုင်တံခါးမှာတပ်ထားသောခေါင်းလောင်းသံမှာ လူအသစ်တစ်ယောက်ဝင်လာခြင်းကြောင့် ချွင်ခနဲမြည်သွားသည်။ ထိုလူက စားပွဲထိုးကောင်မလေးညွှန်ပြပေးသော ဝိုင်းအလွတ်တစ်လုံးမှာဝင်ထိုင်လိုက်ပြီး အော်ဒါအတွက် သူမပေးသောမီနူးကဒ်ကိုကြည့်ကာနေသည်။
ကုန်းကျွင့်မှာ သူ့အလုပ်ထဲခေါင်းမြုပ်နေတာကြောင့် ဘယ်ဟာမှ မကြည့်အားပေ။ စားပွဲထိုးအစ်မကသူ့ရဲ့ကော်ဖီဘားဆီရောက်လာပြီးပြောသည်။
"ကျွင့်ကျွင့်ကြီး... ဒီမှာမင်းအတွက် အထူးအော်ဒါ"
"အထူးအော်ဒါ? ဘာလို့လဲ ကာစတန်မာက ဓာတ့်မတည့်တာဘာညာရှိလို့လား"
"မဟုတ်ပါဘူး ဓာတ်မတည့်တာမဟုတ်ဘူး ဒီမှာကြည့်"
သူမကအော်ဒါရေးမှတ်လာတဲ့စာရွက်ကိုထောင်ပြလာသည်။ စာရွက်ကိုကြည့်ပြီးနောက် ကုန်းကျွင့်မျက်မှောင်ကြုတ်သွား၏။
" Espressoတစ်ခွက်.. အဲ့ဒါဘာများထူးခြားနေလို့လဲ"
ကုန်းကျွင့်မျက်ခုံးပင့်ကြည့်ရင်းပြောလိုက်သည်။
" Espresso တစ်ခွက်ကတော့မထူးခြားဘူး ဒါပေမဲ့ မင်းကို အဲ့ဒီဝိုင်းကိုespressoလာချပေးဖို့ ကာစတန်မာကတောင်းဆိုထားတာ"
သူမစကားကြောင့်ကုန်းကျွင့်မျက်ခုံးကပိုလို့တောင်အပေါ်ကို မြောက်တက်သွားရသည်။
"ဘယ်သူမှာတာလဲ..."
''အဲ့တစ်ယောက်"
သူမကကုန်းကျွင့်အမေးကို ထိုဝိုင်းဆီလက်ညှိုးထိုးပြရင်း ပြန်ဖြေသည်။
"အဲ့ဒီမှာတွေ့လား suitဝတ်ထားပြီးတော့ ဆံပင်သပ်သပ်ရပ်ရပ်နဲ့လူ..."
သူမလက်ညှိုးညွှန်ပြရာကိုလိုက်ကြည့်ပြီးမှ ကုန်းကျွင့်တစ်ယောက် ယမန်နေ့ကသူဘယ်လိုအရှုပ်ထွေးမျိုးမှာပါဝင်ပတ်သတ်ခဲ့ပြီး ဘာတွေလုပ်မိထားတယ်ဆိုတာကို မေ့နေတဲ့စိတ်ကလေး အစပြန်ပေါ်လာခဲ့သည်။
အဲ့ဒါအဲ့နေ့ညကသူကယ်ခဲ့တဲ့ အိုမီဂါပဲ။ သူ့ကိုဘာစကားတစ်ခွန်းမှမချန်ခဲ့ပဲမနက်ပိုင်းရောက်တော့ ထွက်သွားတဲ့လူ။
"ဟဲ့..."
သူ့လုပ်ဖော်ကိုင်ဖက်အစ်မက ကုန်းကျွင့်မျက်နှာနားကပ်ပြီးလက်ဖျောက်တီးရင်းအသံပြုလာတော့ သူ့အတွေးတွေက လက်ရှိဆီပြန်ရောက်လာသည်။
"ဘာဖြစ်နေတာလဲ... အဲ့ကာစတန်မာနဲ့သိလို့လား"
"ကျွန်တော်..."
သူခဏလောက်တော့စကားလုံးတွေပျောက်ဆုံးသွားသလိုခံစားလိုက်ရပေမဲ့ ဆက်တော့ပြောလိုက်နိုင်ပါသည်။
" ကျွန်တော် သိတယ်... ထင်တာပဲ"
"ဘာကိုထင်တာပဲလဲ "
သူ့လုပ်ဖော်ကိုင်ဖက်မှာ သူပြောတဲ့စကားက အမြီးအမောက်မတည့်တာကြောင့်ဘာမှနားမလည်သယောင်။
"ဘာနေနေပါ သူကမင်းအသိပဲလေ ဒီကိုဝင်ပြီးမင်းကိုနှုတ်ဆက်ချင်လို့နေမှာပါ သူ့ပုံစံကမကောင်းတဲ့ရည်ရွယ်ချက်မရှိလောက်ပါဘူး"
သူမစကားကို ကုန်းကျွင့်ဘာတစ်ခွန်းမှမချေပနိုင်ပေ။ အစကတော့ ကော်ဖီကျိတ်နေရင်း သူငြင်းလိုက်ရင်ကောင်းမလားစဉ်းစားမိပေမဲ့ ဒါမျိုးလုပ်ရင်ရိုင်းရာကျသွားလိမ့်မည်။ သူကလည်းကိုယ့်ကိုဘာမှလုပ်ရသေးတာမဟုတ်။
သို့နှင့်သူEspressoခွက်ကလေးကို ဗန်းပေါ်တင်ပြီး ထိုလူရှိရာဝိုင်းဆီလျှောက်သွားလိုက်သည်။
ထိုလူမှာ ဆိုင်ကချပေးထားတဲ့မဂ္ဂဇင်းစာအုပ်ကိုဖတ်နေပြီး ကုန်းကျွင့်ရောက်လာတာသတိထားမိမိခြင်းမှာပဲ ခေါင်းထောင်ကြည့်လာရင်း ပြုံးပြလာသည်။
အဲ့ဒီနေ့ညကသူရခဲ့တဲ့လိမ္မော်ပွင့်နဲ့ ဟိုက်ဒရန်ဂျာရနံ့များထိုသူ့ခန္ဓာကိုယ်မှ ခပ်ငွေ့ငွေ့လွင့်နေသည်။
" ဟို... ခင်ဗျားမှာထားတဲ့ဟာပါ"
ကုန်းကျွင့် တွန့်ဆုတ်ဆုတ်နှင့်ပြောရင်း ခွက်ကိုသူ့ရှေ့ချပေးလိုက်တော့ အဲ့လူကခေါင်းငြိမ့်ပြလာသည်။
" ကျေးဇူးပါ "
"...."
" မင်းကိုယ့်ကိုမမေ့သေးဘူးလို့မျှော်လင့်တာပဲ "
" ကျွန်တော် .... မမေ့ပါဘူး "
ဘာရယ်ကြောင့်မှန်းမသိ အယ်ဖာလေးမှာစိတ်လှုပ်ရှားလာသလိုခံစားလာရသည်။
" ကောင်းပြီ ... ကိုယ်ဒီကိုလာရတဲ့အကြောင်းပြချက်ကလည်း မင်းကိုယ်နောက်တစ်ကြိမ်ကိုယ်တိုင်ကိုယ်ကျတွေ့ချင်လို့ပါ "
ကုန်းကျွင့်တို့ရွာမှာနေတုန်းကဆို ရွာကလူတွေကပြောတတ်ကြသည်။ မြို့ကြီးပြကြီးနဲ့ အဲ့ဒီမှာနေတဲ့သူတွေရဲ့စရိုက်တွေအကြောင်းကိုပေါ့။ မြို့ပေါ်မှာ လူတန်းစားပေါင်းများစွာနေထိုင်ကြပြီး သူတို့က ရွာကလူတွေလိုအချင်းချင်းဆွေခုနစ်ဆက်မျိုးခုနစ်ဆက်ကိုသိနေတဲ့သူမျိုးတွေမဟုတ်ကြပါ။ လူတိုင်းကတစ်သီးတခြားစီဖြစ်ပြီး တစ်ဖက်သားအကြောင်းတောင် ဂဃနဏမသိရ။ မြို့ပြလူတွေရဲ့အကျင့်ကသူတို့ကျေးလက်ကလူတွေနဲ့မတူ ရိုင်းစိုင်းပြီးဆိုးဝါးတဲ့သူတွေရှိတော့ ရိုးအတဲ့ရွာဘက်ကလူတွေ မြို့ပေါ်ကိုပထမဆုံးအကြိမ်သွားတော့မယ်ဆို သတိကြီးကြီးထားဖို့အမြဲပြောကြသည်။
အခုသူ့ရှေ့ကဒီလူကတော့ ခင်စရာကောင်းမဲ့ပုံပေါ်နေသည်။ မရိုင်းစိုင်းပေမဲ့ မဆိုးဝါးဘူးလားဆိုးဝါးလားဆိုတာကိုတော့ သူလည်းမဆုံးဖြတ်နိုင်ပေ။ သူဒီလူကိုစစတွေ့တုန်းက သူကသတိတောင်ကပ်မနေဘူး။ တစ်ကိုယ်လုံးသွေးတွေနဲ့ အားနည်းနေခဲ့တဲ့ပုံစံ။ သူ့ဒဏ်ရာတွေကို ကုန်းကျွင့်ဆေးထည့်ပေးနေခဲ့တုန်းက သူ့မျက်နှာလေးက မကြာခဏရှုံ့မဲ့သွားတတ်ပြီး စာရွက်ဖြူလေးတစ်ရွက်လိုဖြူလျော်နေခဲ့ပေမဲ့ ထိုထဲမှာ ကြည့်ကောင်းမှုများမှာတော့တစ်စက်တောင်လျော့မသွား။ အခုကျတော့ဒီလူကသူ့မျက်စိရှေ့မှာ အပြုံးလေးနဲ့ ယုံကြည်ချက်ရှိရှိစကားတွေပြောနေလေတော့ ဒါကသူသိခဲ့တဲ့အဲ့လူနဲ့မျက်နှာချင်းတူတဲ့တခြားတစ်ယောက်စကားပြောနေသလို ခံစားရစေသည်။
"ဆရာက ကျွန်တော့်ကိုဘာလို့များတွေ့ချင်ရတာလဲ...မ..မသိဘူးခင်ဗျာ?"
သူအထစ်ထစ်အငေါ့ငေါ့နှင့်မေးလိုက်မိသည်။
" အရမ်းကြီးယဉ်ကျေးဖို့မလိုပါဘူး ကိုယ်ကမင်းအဲ့ဒီလိုယဉ်ယဉ်ကျေးကျေးသုံးနှုန်းရလောက်တဲ့အထိ မြင့်မားမနေပါဘူး ကိုယ့်နာမည်ကို သေသေချာချာမိတ်မဆက်ပေးရသေးဘူးနော် ... ကိုယ့်နာမည် ကျန်းကျယ်ဟန့်ပါ "
" ကျန်း...... ကျယ်ဟန့် "
"အင်း ... ကိုယ့်ကိုနာမည်တပ်ပြီးခေါ်ရတာသက်သောင့်သက်သာမဖြစ်ဘူးဆိုရင် ဒီအတိုင်း ကိုကို လို့ခေါ်လို့တယ် ... ဒါနဲ့မင်းနာမည်က ကုန်းကျွင့်နော် "
" ဟုတ် .... ဟုတ်ပါတယ်"
" မင်းဘာကိုကြောက်နေတာလဲ စိတ်ချပါ ကိုယ်မင်းကိုကိုက်မစားပါဘူး "
သူ့ရှေ့ကအိုမီဂါက ခပ်ဖျော့ဖျော့ရယ်လိုက်ရင်းပြောသည်။
"ကိုယ်မင်းကို လူချင်းတွေ့ပြီးကျေးဇူးမတင်ရသေးလို့ပါ ... အဲ့နေ့ညက မင်းကိုယ့်ကိုကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မင်းသာမကယ်ရင်ကိုယ်အခုဆိုသေနေလောက်ပြီ "
သေတယ်? ဒီလူမှာဘယ်လိုအခြေနေမျိုးတွေတောင်ရှိနေလို့ သူ့အသက်ကိုတခြားလူတွေကလိုချင်နေရတာလဲ။ တကယ်လို့မနေ့ညကအဲ့အခြေနေမှာသူသာရောက်မလာရင် ဘာတွေများဆက်လုပ်ဦးမှာလဲ။
" ဟို ... မေးရမှာအားတော့နာပါတယ် အဲ့တုန်းကခင်ဗျားဘာဖြစ်ခဲ့တာလဲ "
သူ့ရှိသမျှသတ္တိတွေအကုန်စုပြီး ကုန်းကျွင့်စပ်စပ်စုစုမေးလိုက်သည်။
" ပြီးတော့ ... ဘာလို့ မနက်ကျထွက်သွားရတာလဲ "
" အဲ့ဒါကနည်းနည်းတော့ရှုပ်ထွေးတယ် မင်းရဲ့သူဌေးကအလုပ်ချိန်ကြီးမှာ ကိုယ်မင်းကိုဒါမျိုး ဇာတ်လမ်းရှည်ကြီးပြောပြတာနားထောင်ဖို့ အကြာကြီးထိုင်ခွင့်ပြုမယ်မထင်ဘူး "
ကျန့်ကျယ်ဟန့်က သူ့ရှေ့ကကော်ဖီကိုတစ်ငုံသောက်လိုက်ရင်းဆက်ပြောသည်။
" ပြီးတော့ ကိုယ်ကဘာလဲဆိုတာကို တွေ့ကရာလူကိုထုတ်ပြောတတ်တဲ့လူစားထဲမှာ ကိုယ်မပါဘူး အဲ့နေ့ကကိုယ်နိုးလာပြီး ထွက်မသွားရင် မင်းကမေးခွန်းတွေအများကြီးမေးလိမ့်မယ်ဆိုတာကိုယ်သိတယ်လေ ... ဒါကြောင့် ကိုယ်ထွက်သွားတာပါ ပြောရရင်မင်းက ကိုယ့်အကြောင်းဘာမှမသိတဲ့သူလေ ကိုယ်မှားသွားတယ်ဆို တောင်းပန်ပါတယ် "
"ကိစ္စမရှိပါဘူး... ရပါတယ် ခင်ဗျားအခုပြန်ကောင်းနေတာကိုပဲကျွန်တော်မြင်ရတော့စိတ်သက်သာရာရပါတယ် အဲ့ညကခင်ဗျားဒဏ်ရာတော်တော်ပြင်းနေတာ သွေးတွေလည်းအများကြီးထွက်ထားသေးတယ် "
သူ့စကားအဆုံးမှာ ကျန်းကျယ်ဟန့်ကတစ်ချက်ပြုံးသည်။
" ဒီလောက်ပြင်းပြင်းထန်ထန်ခိုက်မိတာကို ကိုယ့်ကိုဆေးရုံမပို့ပဲ ကောင်းကောင်းကိုင်တွယ်လိုက်နိုင်တာမင်းအရမ်းတော်တာပဲ ကိုယ်မေးပါရစေ မင်းကအဲ့နယ်ပယ်နဲ့ နီးစပ်တဲ့သူမလား "
" ဟုတ် ... ကျွန်တော်က ဆေးကျောင်းသားပါ "
" ဆရာဝန်ဖြစ်ဖို့ကြိုးစားနေတယ်ဆိုပါတော့ "
"ဟုတ်ကဲ့ဗျ.."
အယ်ဖာကောင်လေးမှာ ယခင်ကထက်စကားပြောရတာပိုသက်သောင့်သက်သာရှိလာဟန်တူသည်။
" ကျွန်တော်တို့ရွာမှာက ဆေးဝါးပစ္စည်းတွေ ဆေးပညာနဲ့ပတ်သတ်တဲ့အထောက်အပံ့တွေက တအားရှားတော့ လူတွေဖျားရင်နာရင် အရမ်းခက်ခဲတာ ... ကျွန်တော်ဆရာဝန်ဖြစ်အောင်ကြိုးစားပြီး ကျွန်တော်တို့နယ်ကသူတွေအတွက် အကူအညီတစ်ခုဖြစ်ဖြစ်ပေးချင်တာ "
" မင်းမှာဒီလိုမြင့်မြတ်တဲ့ရည်ရွယ်ချက်ရှိနေတာပဲ ... ကိုယ်အထင်ကြီးသွားပြီ "
" အခုချိန်ထိတော့အဲ့ဒါက ဆန္ဒသက်သက်ပါပဲ ရှေ့ဆက်လျှောက်ရမဲ့လမ်းကအရှည်ကြီးကျန်ပါသေးတယ်ဗျ "
ကုန်းကျွင့်မှာရှက်သွေးဖြာလာပြန်သည်။
" တောင်းပန်ပါတယ် အဆက်အစပ်မရှိ စကားတွေလျှောက်ပြောမိလို့ ... "
" မဟုတ်တာ ... ကိုယ်တကယ်အထင်ကြီးသွားတာ မင်းကလူကောင်းလေးပါ နှလုံးသားလည်းလှတယ် "
ကျန်းကျယ်ဟန့်ကအပြုစစနှင့် စကားဆိုသည်။
" အော် ဒါနဲ့ ... မင်းကိုအဲ့နေ့က ကိုယ်ပို့ပေးလိုက်တဲ့ အိပ်ရာအဆင်ပြေတယ်မလား အာမခံကဒီလကုန်အထိဆိုတော့ တစ်ခုခုအဆင်မပြေတာရှိရင်ပြောလိုက်နော် သူတို့လဲပေးလိမ့်မယ် "
" ဒါဆို အဲ့ဒါတွေက တကယ်ပဲခင်ဗျားဆီကပေါ့ ... ဘာလို့ကျွန်တော့်ကိုအိပ်ရာအသစ်ကြီးပို့ပေးတာလဲ ပြီးတော့ အဲ့ဒီဈေးကြီးတဲ့ခေါင်းအုံးတွေအိပ်ရာခင်းတွေရော ... ညဝတ်အင်္ကျီကပါသေး..."
" မင်းကို ကိုယ်နှောင့်ယှက်ခဲ့မိလို့ပေါ့ ... အဲ့ညကကိုယ့်ကြောင့် မင်းအိပ်ရာခင်းတွေစွန်းကုန်တယ် ပြီးတော့ မင်းရဲ့pajamasကိုလည်းကိုယ်ကဝတ်ထားရသေးတယ် ဒါကမင်းဆုံးရှုံးထားတဲ့အရာတွေအတွက် ကိုယ်ပြန်လျော်ပေးတာပါ ကိုယ်ကသူများပစ္စည်းတွေဖျက်ဆီးခဲ့ပြီးဒီအတိုင်းကြီးထွက်သွားရမှာလား "
ကျန်းကျယ်ဟန့်မှာ ထိုအကြောင်းကို ကမ္ဘာပေါ်မှာဖြစ်လေ့ဖြစ်ထရှိသော သာမန်ကိစ္စလိုလုပ်ပြီးပြောနေသည်။ ကုန်းကျွင့်မှာတော့ အဲ့ဒီဈေးကြီးတဲ့အိပ်ရာကြီးပေါ်မှာ ဈေးကြီးတဲ့ခေါင်းအုံးတွေအိပ်ရာခင်းတွေနဲ့ ဒါတွေဘယ်လောက်များပေးလိုက်ရမလဲတွေးနေလို့ တစ်ရေးမှမရလိုက်ဘူး။ သူ့အဖြစ်က သူဘယ်လိုငွေချေရမလဲမသိတဲ့ ဘေလ်စာရွက်ပုံကြီးပေါ်မှာ အိပ်နေရသလိုအဖြစ်။ ပြီးတော့ အဲ့ဒီညဝတ်အင်္ကျီကြီးကလည်း ဈေးကြီးမဲ့ပုံကြီးမို့ ပါကင်တောင်မဖောက်ရဲဘူး။ ဒီပုံအတိုင်းဆို အဲ့ဒါကြီးကိုသူနံရံမှာ အဖိုးတန်ပန်းချီကားကြီးကိုချိတ်ထားရတော့မှာပဲ။
" ဒါလေးကရော ဘာလေးလဲကွာ "
သူတို့စကားပြောနေတုန်း အဖြူရောင်စုတ်ဖွားကောင်ကလေးက သူတို့နားတလိမ့်လိမ့်ရောက်လာသည်။ သူက ကျန်းကျယ်ဟန့်ရဲ့ branded ဘောင်းဘီကိုအနံ့ခံနေပြီး သူ့လျှာပန်းရောင်လေးကိုထုတ်ကာ ကြမ်းပြင်ပေါ်ထိုင်ချ အမြီးတယမ်းယမ်းလုပ်နေသည်။
" ကျွင့်ကျွင့် ဒီကိုဘာလာလုပ်တာလဲ ... သွားကစားနေ "
ကုန်းကျွင့်အထိတ်တလန့်နဲ့ Samoyed ခွေးဖြူလုံးလေးကို ပထုတ်ဖို့ကြိုးစားလိုက်သည်။ သို့သော်ထိုကောင်လေးမှာ သူ့ကိုကုန်းကျွင့်က ကစားဖို့ဖိတ်ခေါ်နေသည့်အလားထင်မှတ်သွားပြီး ကြမ်းပြင်ပေါ်တောင်တစ်ပတ်လှိမ့်လိုက်ပြီးသူ့ရဲ့ ဗိုက်အိအိကြီးများကို နှစ်ယောက်လုံးမြင်အောင်ဖော်ပြထားတော့သည်။
ကျန်းကျယ်ဟန့်ကတော့ ခွေးလေးရဲ့ပုံပန်းသွင်ပြင်ထက် နာမည်ကိုပိုစိတ်ဝင်စားသွားဟန်တူသည်။
" ကျွင့်ကျွင့် ဟုတ်လား "
သူကမျက်ခုံးပင့်ကာမေးလာသည်။
" ဟုတ်တယ် သူ့နာမည်က ကျွင့်ကျွင့် "
အယ်ဖာကောင်လေးမှာ ရှက်တစ်ဝက် စိတ်လှုပ်ရှားမှုတစ်ဝက်ဖြင့် ကိုးရိုးကားယားနိုင်စွာ ဖြေလိုက်ရသည်။
" ကျွန်တော်အလုပ်ကိုစရောက်လာတော့ ကျွန်တော့်နာမည်မိတ်ဆက်လိုက်တော့ ဝန်ထမ်းတွေကအံ့သြကုန်ကြတာ ဒီကောင်ကလွန်ခဲ့တဲ့နှစ်နှစ်ကတည်းက ဒီဆိုင်ကိုရောက်နေတာ ကျွန်တော့်ထက်ဝါကြီးပေမဲ့ ကျွန်တော်ကလူဖြစ်နေတာရော ပိုကြီးနေတာရောဆိုတော့ ကျွင့်ကျွင့်ကြီးဆိုပြီးဖြစ်သွားတာ ... ဒီကောင်ကတော့ ကျွင့်ကျွင့်လေးပေါ့ ဟေ့... အကိုကြီးမရယ်နဲ့လေဗျာ "
ကုန်းကျွင့်ရဲ့သတိပေးစကားကနောက်တောင်ကျနေသေးသည်။ ကျန်းကျယ်ဟန့်က ခုံပေါ်ထိုင်နေရင်း ခန္ဓာကိုယ်ကိုကိုင်းကာ ဈေးကြီးသောထိုကုတ်အင်္ကျီများအောက်က ပုခုံးသားတို့တသိမ့်သိမ့်တုန်အောင်ရယ်နေတော့သည်။ သူ့မျက်လုံးကလေးတွေက ခရုပတ်ပေါင်မုန့်လေးတွေလိုကွေးညွတ်သွားပြီး မျက်လုံးထောင့်ကလေးတွေမှာ အရေးကြောင်းလေးတွေပေါ်လာစေသည်။ နဂိုဖြူလွလွအသားရေမှာ ပိုတောက်ပတဲ့ပန်းနုရောင်ဖျော့ဖျော့လေးတွေလင်းလက်လာတော့ သူ့မျက်နှာကိုပိုပြီးလူသားဆန်စေသလို ချဉ်းကပ်ရလွယ်ကူသည့်ပုံပေါက်စေသည်။
ကုန်းကျွင့်မှာ ရုတ်တရက်ပြောင်းလဲသွားသော ထိုသူ၏အမူရာများ၏ဆွဲဆောင်ခြင်းခံလိုက်ရသလို။ တစ်ချိန်တည်းမှာပင် ကုန်းကျွင့်မှာ ကြမ်းပြင်ပေါ်ကSamoyedဖြူလုံးကလေးလိုမျိုး ကျန်းကျယ်ဟန့်ကိုငေးကြည့်နေမိတော့သည်။ ဒီလောက်အကြာကြီးစောင့်နေတာတောင်ဘာလို့ဗိုက်ကလေးကိုမပွတ်သေးသေးတာလဲ နားမလည်သည့်ဖြူလုံးလေးလို အူကြောင်ကြောင်မျက်ဝန်းလေးများဖြင့်။
ထိုပုံစံက ကျန်းကျယ်ဟန့်ကိုပိုရယ်သွားစေခဲ့သည်။ သူကမျက်ရည်စလေးများကိုလက်ဖျားနေတဲ့တို့ထိ သုတ်ရင်းပြောလာသည်။
" ကိုယ်သိပြီ ... မင်းတို့နှစ်ယောက်ကိုဘာလို့ သူတို့က ကျွင့်ကျွင့်ကြီးနဲ့ ကျွင့်ကျွင့်လေးလို့ ခေါ်မှန်း ... မင်းတို့ကတကယ်တူတယ် "
" အကိုကြီး ... ကျွန်တော့်ကိုဟာသမလုပ်နဲ့ဗျ "
" ဟာသမလုပ်ပါဘူးကွာ "
ကျန်းကျယ်ဟန့်ကသူ့ကိုပြုံးကြည့်လာသည်။ သူ့ရဲ့နှာခေါင်းထိပ်လေးတွေနဲ့နားဖျားလေးတွေက အလွန်အမင်းရယ်ထားမိလို့ အနီသွေးပြေးကာ ရဲရဲကလေးဖြစ်နေသည်။
" မင်းတို့ကတကယ်တူတယ် ကိုယ်ပြောချင်တာ ... ချစ်ဖို့ကောင်းတယ်လို့ပြောတာပါ အဲ့ဒါမကောင်းတဲ့ကိစ္စမို့လို့လား "
သူ့ကိုပြောနေရင်းနဲ့ ကျန်းကျယ်ဟန့်က ကျွင့်ကျွင့်လေးရဲ့ခေါင်းလုံးလေးကိုဆွဲဖွလိုက်သည်။ အဖြူကောင်လေးကသဘောကျကျေနပ်သွားဟန်နှင့် သူ့ရှေ့ခြေလေးနှစ်ချောင်းကို ကျန်းကျယ်ဟန့်ပေါင်ပေါ်တင်ပြီးကျန်းကျယ်ဟန့်လက်ကလေးတွေကို လျက်နေတော့သည်။ ကျန်းကျယ်ဟန့်က ထိုကောင်လေးမျက်နှာကိုလက်နဲ့ဆွဲယူခံထားပြီး အမွှေးဖွားဖွားခေါင်းလေးကိုအနမ်းပေးလိုက်၏။
ထိုမြင်ကွင်းကိုကြည့်ရင်း အခုလောလောဆယ်ခံစားလိုက်ရသော ရှင်းမပြနိုင်သည့် ပြင်းပြင်းပြပြဆန္ဒကြီးက ဘယ်လိုဟာမျိုးကြီးလဲ ကုန်းကျွင့်နားမလည်နိုင်။ Samoyedခွေးလေး နေရာမှာသူသာဖြစ်လိုက်ချင်တော့သည်။
" သူခင်ဗျားကိုသဘောကျတယ်နဲ့တူတယ် "
နောက်ဆုံးတော့ အယ်ဖာကောင်လေးစကားတစ်ခွန်းပြောလာသည်။
" အိုး...ဟုတ်လား ဂုဏ်ယူစရာပဲ ဒီကောင်လေးကဒီကိုလာသမျှလူတိုင်းရဲ့အချစ်တော်လေးဖြစ်နေမှာ "
" ဟုတ်တယ်သူက ကျွန်တော်တို့ကာစတန်မာတွေရဲ့ အချစ်ဆုံးတွေထဲကတစ်ယောက် "
ကုန်းကျွင့် ကြမ်းပြင်ပေါ်ဒူးထောက်ထိုင်ချကာ အပြုံးလေးနှင့် ခွေးလေးဆီလက်လှမ်းလိုက်၏။
" သူတို့ရဲ့ပြုံးနေတဲ့ပုံစံက မျိုးရိုးဗီဇကြောင့်လေ ဒီခွေးအမျိုးအစားကအကောင်တိုင်းဒီရုပ်ပဲ "
" အော်... "
" ဒီခွေးတွေက ကမ္ဘာအအေးဆုံးဒေသကနေလာတာလေ သူတို့ကို သမင်ကျောင်းဖို့မွေးကြတာ သူတို့သွားရေတွေပါးစပ်နားစုပြီး ကျောက်စက်ပန်းဆွဲလိုဖြစ်လာရင် အခြေအနေမကောင်းဘူး ဒါကြောင့်သူတို့ကအဲ့ဒီဟာကိုကာကွယ်ဖို့သားပေါက်ပေးရတာ "
" ကိုယ်သိပြီ "
ထိုအိုမီဂါက ကျွင့်ကျွင့်လေးရဲ့လည်ပင်းကိုပွတ်သပ်ပေးနေရင်းပြောလာသည်။
" ဒီလိုမွေးရာပါပါလာတဲ့အပြုံးလေးနဲ့ကောင်လေးကို ဘယ်သူကချစ်စရာမကောင်းဘူးလို့တွေးမိမှာလဲ "
ခွေးကလေးကတော့ သူ့ရှေ့ကလူတွေပြောနေတာနားလည်ဟန်မတူ။ ဒီအတိုင်းလေး သူ့ရှေ့ကလူသားက သူ့ကိုပွတ်သပ်ပေးနေခြင်းအပေါ်သဘောတကျနဲ့လျှာလေးထုတ်ပြီး မွေးရာပါအပြုံးလေးကိုသာရိုးရိုးရှင်းရှင်းလေးလှစ်ဟပြထားသည်။ ထိုမြင်ကွင်းကမြင်ရသူတိုင်းအဖို့ ချစ်စရာကလေးဖြစ်နေသည်။
" ကိုယ်... ပြန်သင့်ပြီထင်တယ် "
ကျန်ကျယ်ဟန့်အဝတ်တွေအကုန်လုံး ခွေးမွှေးများပြည့်နေသည်။ သူက လက်ကျန်Espressoကိုမော့ချလိုက်ပြီး မတ်တပ်ထရပ်လာသည်။
" ဒီနေ့အတွက်ကိုယ်နဲ့စကားပြောပေးလို့ကျေးဇူးပါ ဒါကကော်ဖီဖိုး ပိုတဲ့ဟာမင်းယူထားလိုက်တော့ "
"ကျွန်တော်ကသာ ကျေးဇူးတင်ရမှာပါ ... ခင်ဗျားဒီကိုလာရတာသဘောကျမယ်လို့မျှော်လင့်ပါတယ် "
" ကိုယ်သဘောကျတာပေါ့ .... နောက်ထပ်လည်းကိုယ်အခွင့်ရေးရရင်ထပ်လာခဲ့ဦးမယ် "
" ဟုတ်ကဲ့ လာသာလာခဲ့..."
ပြောပြီးမှသူ့ပုံစံကဒီလူလာမှာကိုအရမ်းတက်ကြွနေတဲ့ဟန်ပေါက်နေတာကြောင့် ကုန်းကျွင်းအနည်းငယ်ရှက်သလိုဖြစ်သွားသည်။
" ဟို ... ဒီကောင်လေးက ခင်ဗျားကိုသဘောကျတယ်လေ ခင်ဗျားသာထပ်လာရင် သူပျော်သွားမှာ "
ကုန်းကျွင့်ချောင်းတစ်ချက်ဟန့်ပြီး ခပ်မြန်မြန်ပြောလိုက်သည်။
" အော် ... ကျွင့်ကျွင့်က ကိုယ့်ကိုသဘောကျတာလား "
ကျန်းကျယ်ဟန့်က ထိုစကားပြောနေစဉ်ခွေးလေးကိုနောက်ဆုံးတစ်ကြိမ်ပွတ်သပ်ပေးလိုက်သည်။
" ကိုယ်သွားတော့မယ်နော်... နောက်နေ့မှတွေ့တာပေါ့ကျွင့်ကျွင့် "
သူကခွေးကလေးကိုကြည့်ပြီးပြောနေရာမှာ နောက်ဆုံးကျတော့မှသူ့မျက်လုံးတွေက ကုန်းကျွင့်ရှိရာကိုကြည့်လာသည်။ အယ်ဖာလေးမှာ နေရာတင်တောင့်ခဲသွားပြီး မလှုပ်ရှားနိုင်စကားမပြောနိုင်ဖြစ်သွားရသည်။
ဘာနေနေ ယင်းအိုမီဂါကတော့ သူ့အကြည့်ရဲ့အဓိပ္ပါယ်တွေကို အထူးတလည်ရှင်းပြနေမဲ့သူမျိုးမဟုတ်။ သူ့နှုတ်ခမ်းသားလှလှလေးများအထက်ကိုကွေးညွတ်တက်သွားပြီး သေသပ်တဲ့အပြုံးလေးတစ်ခုဖြစ်လာသည်။ ထို့နောက်သူက ကုန်းကျွင့်ကိုလက်ပြကာ ဆိုင်ထဲမှာထွက်သွားတော့၏။
______________________________________
အပြင်ဘက်ရှိ ကားအနက်ရောင်ဘေးတွင် အဖြူအမည်းဝတ်စုံနှင့် ယောက်ျားတစ်ယောက်ရပ်လျက်ရှိပြီး နေကာမျက်မှန်မှတစ်ဆင့် လက်ပတ်နာရီကို ကြည့်ဿနေသည်။ သူ့အနားမှာတခြား သူလိုဝတ်စားထားတဲ့လူနှစ်ယောက်ရှိနေပြီး သူတို့ကဘာမှမလှုပ်ရှားကြသေးသော်ငြား သတိအပြည့်ဖြင့်ပတ်ဝန်းကျင်အခြေနေကို စနည်းနာနေကြသည်။ နောက်ဆုံးကော်ဖီဆိုင်တံခါးလေးပွင့်လာပြီး ခေါင်းလောင်းသံကချွမ်ခနဲထွက်ပေါ်လာ၏။
"သွားမယ် "
ကျန်းကျယ်ဟန့်မှာ ဆိုင်အတွင်းမှထွက်လာပြီးကားဆီလျှောက်လာသည်။ စောနက အယ်ဖာကောင်လေးနှင့်ခွေးကလေးကိုစကားပြောနေစဉ်ကနှင့်ခြားနားစွာ သူ၏အပြုံးတို့ကတမုဟုတ်ချင်းပျောက်ကွယ်သွားပြီး ခပ်တန်းတန်းမျက်နှာအမူအရာက သူ့ဆီအစားထိုးလို့လာသည်။ ရိုးရိုးရှင်းရှင်း စကားလုံးနှစ်လုံးနဲ့တင် သူ့အနားအခုနကအဖြူမည်းလူတွေစုလာသည်။ အရပ်ရှည်ရှည်နဲ့သူက သူ့ကိုကားတံခါးဖွင့်ပေးလာသည်။
" သူက boss ရှာနေတဲ့သူလား "
" ဟုတ်တယ်သူပဲ "
ကျန်းကျယ်ဟန့်ပြန်ဖြေလိုက်သည်။
" လမ်းမှာသွားရင်းပြောရအောင် ငါတခြားကိစ္စတစ်ခုမင်းနဲ့ဆွေးနွေးစရာရှိသေးတယ် "
ထိုလူက စကားတစ်ခွန်းမှမဆိုလေပဲနာခံသည်။ သူ့အတွက်တံခါးပိတ်ပေးခဲ့ရင်း သူကိုယ်တိုင်ကရှေ့ခန်းမှာဝင်ထိုင်သည်။ ထို့နောက်ကားအနက်ရောင်လေးမှာ ကော်ဖီဆိုက်ရှေ့မှ မောင်းထွက်ကာသွားတော့သည်။
" သူ့ပုံစံကအဆင်ပြေပါတယ် စကော်လာကျောင်းသားတစ်ယောက်ရှိသင့်ရှိထိုက်တဲ့ပုံစံမျိုးပါပဲ "
ရှေ့မှာထိုင်နေတဲ့သူကပြောလာသည်။
" Boss တခြားသူတွေနဲ့ဆို ဒါမျိုးအဖက်လုပ်ပြီးစကားမပြောဘူးနော် အထူးသဖြင့်ပထမဆုံးတွေ့တဲ့အချိန်မှာ"
သူကစနောက်တဲ့လေသံနှင့်ပြောသည်။ ကျန်းကျယ်ဟန့်ကသူ့ခြေထောက်ရှည်ရှည်တွေကို ချိတ်လိုက်ပြီးနောက်ကြည့်မှန်ကိုကြည့်ကာပြောလိုက်သည်။
" အပြုအမူတွေရုတ်တရက်ကြီးပြောင်းသွားတာ ဘာသဘောလဲရှောင်ယွီ "
ရှောင်ယွီခါးမတ်သွားပြီးလည်ချောင်းရှင်းလိုက်သည်။ သူ့နောက်ကအိုမီဂါbossနဲ့မျက်လုံးချင်းမဆုံအောင် ရှောင်ရှားရင်း နောက်ကြည့်မှန်ကနေသူလှမ်းကြည့်ပြောလိုက်သည်။
" ဘာမှမဖြစ်ပါဘူး Boss "
သူကပြောလိုက်သည်။
"အသက်က ၂၂ နှစ် C နယ်သားဖြစ်ပြီးတော့ မိဘတွေအဖိုးအဖွားတွေနဲ့အတူနေခဲ့တယ် မိသားစုက လယ်လုပ်တယ် မိသားစုထဲ ဘီတာတွေလည်းရှိတယ် မိသားစုနောက်ကြောင်းအရ သူကသွေးသန့်အယ်ဖာတော့မဖြစ်နိုင်ဘူး သာမန်ကောင်လေးတစ်ယောက်ပါပဲ "
" မင်းပြောတာဟုတ်တယ် "
ကျန်းကျယ်ဟန့်ကပြောလိုက်သည်။
" သူ့ကိုသေချာစောင့်ကြည့်ထား သိပ်လည်းမသိသာစေနဲ့ သူ့ကိုကြောက်အောင်မလုပ်မိစေနဲ့ ထွက်ပြေးသွားလိမ့်မယ်"
"ထွက်ပြေးရအောင် သူကဘယ်ပြေးနိုင်မှာမို့လို့လဲ ... ဒီမြို့တစ်ဝက်လောက်ကမင်းပိုင်နေတာပဲကို "
ရှောင်ယွီမျက်ဆံလှန်ကာပြောလိုက်သည်။
" ဘော့စ်ကဒါဖြစ်ချင်တယ်ဆိုတော့လည်း ငါတို့တာဝန်ကနာခံရမှာပါပဲ ပြီးတော့ငါတို့လူတွေကိုငါအဲ့ကောင်လေးရဲ့အလုပ်ချိန်တွေစုံစမ်းခိုင်းထားတယ် သူဘယ်နေ့အလုပ်လုပ်တတ်လဲ မင်းသိချင်လိုသိချင်ငြား..."
" ဒါဆိုမင်းကိုပဲယုံကြည်လိုက်တော့မယ်"
ကျန်းကျယ်ဟန့်ကတစ်ချက်လှစ်ခနဲပြုံးရင်းပြောသည်။ ထိုအပြုံးကစက္ကန့်ပိုင်းမျှသာကြာလိုက်ပြီး တခဏနှင့်ကွယ်ပျောက်သွားသည်။ စကားဆုံးတော့သူ့မျက်နှာကအေးစက်စက်အရိပ်တွေပြန်ရောက်လာပြန်သည်။
" ပြီးတော့ ရှောင်ယွီ မင်းကိုငါစုံစမ်းဖို့ပြောထားတဲ့ တခြားကိစ္စ..."
"အဲ့ဒီကိစ္စက "
ရှောင်ယွီကသူ့ဖုန်းကိုဖွင့်ပြီး document တစ်ချို့ထုတ်ပြလာရင်းပြောသည်။
" အဲ့ကိစ္စကအခုထိစုံစမ်းနေတုန်းပဲ စောင့်ကြည့်ကင်မရာသမားတွေဆီကနေ မနက်ဖြန် ရလာဒ်တစ်ချို့ရလိမ့်မယ် အမည်မသိတဲ့တခြားကောင်တွေ ငါတို့ဒီကိစ္စနဲ့အပြိုင်လှုပ်ရှားနေတယ် ... ငါထင်တာတော့အဲ့ဒါဟိုနေ့ကဘားမှာမင်းသွားတဲ့နေ့က ရုန်းရင်းဆန်ခတ်ဖြစ်အောင်လုပ်တဲ့ကောင်တွေနေမှာ "
" အဲ့ကိစ္စနောက်ကွယ်မှာ ဘာကောင်ရှိနေလဲသေချာစုံစမ်းထား "
ကျန်းကျယ်ဟန့်အေးစက်စွာပြောလိုက်သည်။
" သူတို့ကပြဿနာလေးတွေမီးမွှေးခဲ့ပြီး ငါတို့ကိုနောက်ကရှင်းရအောင်လုပ်ပြီးထားခဲ့တာ အဲ့တော့သူတို့ကို favourလေးပြန်ပေးဖို့ ငါတို့ဒီလောက်တော့လက်တုံ့ပြန်ရမယ်မလား.... "
****************************
With love,
Xiao YuYu.
.....
Zawgyi
*****************************
"လြန္ခဲ့တဲ့ေျခာက္လေလာက္မွစၿပီး ဂန္းစတားေတြရဲ႕ျပင္းထန္ေသာရန္ပြဲမ်ားမွာ ပိုမိုျဖစ္ပြားလာခဲ့ၿပီး သူတို႔ရဲ႕ပိုင္နက္ေနရာမ်ားအၾကားမွာ သေဘာထားကြဲလြဲမႈမ်ားစြာေပၚေပါက္ေနပါတယ္... သက္ဆိုင္ရာအစိုးရေအဂ်င္စီမ်ားႏွင့္ အာဏာပိုင္မ်ားမွာ ထိုမ်ိဳးရိုးစဥ္ဆက္ ဆက္ခံလာေသာ ဂန္းစတားဂိုဏ္းမ်ားအၾကားမွ ရန္ေဆာင္ေနမႈမ်ားကို ေျဖရွင္းရန္ နည္းလမ္းရွာေဖြေနလ်က္ရွိပါတယ္။ ရာဇဝတ္မႈႏွင့္ လူမႈေရးျပႆနာဆိုင္ရာကြၽမ္းက်င္သူေတြရဲ႕တင္ျပခ်က္အရ............."
" မေန႕ညကေတာင္ၿမိဳ႕လယ္ေခါင္ႀကီးမွာ ေသနတ္ေတြနဲ႕ပစ္ၾကေသးတယ္လို႔ၾကားတယ္ "
" တကယ္ႀကီးလား? အဲ့အနီေရာင္နယ္ေျမကဘားကိုသူတို႔ဖ်က္ဆီးမပစ္လိုက္ဘူးလား ဒါမွမဟုတ္အဲ့ဒါမတူတဲ့ဂန္းကလား..."
"ဘယ္လိုလုပ္သိမွာလဲ အဲ့ဒီလိုလူေတြကငါတို႔အဖိုးေတြအဖြားေတြ စတြဲတဲ့အခ်ိန္ကတည္းကဒါမ်ိဳးေတြလုပ္ေနတာေလ ... အစိုးရနဲ႕ရဲဘက္ကဟာေတြကေရာ အဲ့ဒီဂန္းေတြနဲ႕ႀကံရာပါေတြမျဖစ္နိုင္ဘူးလား မဟုတ္ရင္သူတို႔ဂန္းေတြဒီေလာက္ႏွစ္ေပါင္းအၾကာႀကီးရွိေနနိုင္ဦးပါ့မလား... သူတို႔ကအၿမဲဒီလိုပဲလမ္းေတြေပၚပစ္ၾကခတ္ၾကနဲ႕ သူတို႔ေပ်ာ္လို႔ဝရင္ေတာ့ ဒီတိုင္းႀကီးထားပစ္ခဲ့ၾကတာ ရဲေတြကမသိရင္ ပါတီၿပီးသြားတဲ့အခ်ိန္တံျမက္စည္းလွဲဖို႔ အမွိုက္သိမ္းဖို႔ေခၚထားတဲ့ သန့္ရွင္းေရးသမားေတြက်ေနတာပဲ "
" ကိုယ့္ပါးစပ္ကိုယ္ထိန္း မင္းအဲ့လိုဗ႐ုတ္သုတ္ခေတြလမ္းေပၚေလွ်ာက္ေျပာရင္း ျပႆနာထဲပါသြားဦးမယ္ "
"ပါပါကြာ ... မသိဘူးဗိုက္ဆာတယ္ တစ္ခုခုသြားစားရေအာင္"
တကၠသိုလ္ဝန္းထဲတြင္ ေမဂ်ာစုံအတန္းစုံမွေက်ာင္းသားမ်ားျဖင့္ျပည့္ေန၏။ ေန႕ခင္းအတန္းေတြေတာ္ေတာ္မ်ားမ်ားက ၿပီးကုန္ၾကၿပီ။ ေက်ာင္းသားအမ်ားစုမွာ ေနာက္အတန္းတစ္တန္းမတက္မီ ေလေကာင္းေလသန့္လာရႉကာအပန္းေျဖၾကရင္း သူတို႔စိတ္ေက်နပ္ၿပီဆိုရင္ အတန္းတက္ဖို႔ထြက္သြားတတ္ၾကသည္။ ဤသည္က ၿမိဳ႕အတြင္းမွာ ေနာက္ထပ္လူငယ္ေတြနဲ႕ပဲဖြဲ႕စည္းထားတဲ့ သီးျခားၿမိဳ႕ေလးတစ္ခုထပ္ရွိေနသလိုပင္။ အိမ္မက္ေတြ၊ ေမွ်ာ္လင့္ခ်က္ေတြအျပည့္နဲ႕လူငယ္ကေလးေတြ..။ အ႐ြယ္ေရာက္လာတဲ့ဘဝရဲ႕တစ္ခ်ိဳ႕ၾကမ္းတမ္းမႈေလးေတြေၾကာင့္ အဲ့အိမ္မက္ေလးေတြက မွန္းခ်က္နဲ႕ႏွမ္းထြက္ကိုက္မေနတာလည္း အပါအဝင္ေပါ့။
ကုန္းကြၽင့္ သူ႕ရဲ႕စလင္းဘတ္ကို ပုခုံးေပၚေသခ်ာျပင္လြယ္လိုက္သည္။ သူ႕အရပ္က တျခားသက္တူ႐ြယ္တူေတာ္ေတာ္မ်ားမ်ားထက္မိုး၍ေနသည္။ တကယ္လို႔ဒီတကၠသိုလ္မွာသာ အရပ္ရွည္ဆုံးၿပိဳင္ပြဲလုပ္မယ္ဆိုရင္ သူကTop 10ထဲဝင္မွာအေသခ်ာ။ ဒီကမၻာမွာ ေယာက္်ားျဖစ္ျဖစ္ မိန္းမျဖစ္ျဖစ္ ဒီလိုမ်ိဳးထြားထြားက်ိဳင္းက်ိဳင္းျဖစ္ဖို႔ လူတိုင္းေကာင္းခ်ီးေပးခံမေနရပါ။ သူလိုမ်ိဳးေလ့က်င့္ခန္းပုံမွန္လုပ္ၿပီး ေတာင့္ေတာင့္တင္းတင္းနဲ႕ဒီမွာရွိသမွ်လူတိုင္း ေႂကြက်ေျမခခ်င္စရာေဘာ္ဒီမ်ိဳးေရာရွိဖို႔ဆိုရင္ ပိုေတာင္ေဝးေသး။
ဒါကအယ္ဖာတစ္ေယာက္ျဖစ္ေနလို႔ပါလို႔လူအမ်ားကေတာ့သမုတ္ၾကမည္ပင္။ တစ္ခ်ိန္တည္းမွာ သူကရွက္တတ္တဲ့ေကာင္ေလးတစ္ေယာက္ျဖစ္ၿပီး ေဖာ္လည္းေဖာ္ေ႐ြတတ္ေသးသည္။ ယင္းကသူ႕ကို ပထမတစ္ႀကိမ္ေတြ႕႐ုံနဲ႕တင္ လူအမ်ားခ်ဥ္းကပ္ရမိတ္ဖြဲ႕ရလြယ္ကူေစမည္ဟုထင္ခံရေစနိုင္သည္။ သူ႕ကတကယ္ပဲသူငယ္ခ်င္းေတြနဲ႕ ဆရာေတြသေဘာက်တာခံရပါတယ္။ ဒါေပမဲ့သူ႕ရဲ႕ဖာသိဖာသာေနတတ္မႈေၾကာင့္ ကုန္းကြၽင့္မွာခ်ဥ္းကပ္ရမလြယ္ေသာအယ္ဖာတစ္ေယာက္ျဖစ္လို႔ေနသည္။
အတန္းေတြၿပီးလို႔သူငယ္ခ်င္းနဲ႕လမ္းခြဲခဲ့ရင္း မနက္ကတည္းကလိမ္လိမ္မာမာေစာင့္ေနတဲ့သစၥာရွိတဲ့သူ႕စက္ဘီးေဟာင္းေလးရွိရာ စက္ဘီးပါကင္သို႔သူခပ္သုတ္သုတ္ထြက္လာခဲ့၏။ လမ္းတစ္ေလွ်ာက္လုံး လူေတြက အထိက႐ုဏ္းေတြအၾကမ္းဖက္မႈေတြအေၾကာင္းကိုသာေျပာဆိုေနၾကၿပီး ယင္းကဒီလိုသာယာေနတဲ့ပုံမွန္လူ႕အဖြဲ႕အစည္းကို တေျမ့ေျမ့တက္လာတဲ့က်ဴမာတစ္ခုလိုဖ်က္ဆီးေနေၾကာင္းေျပာေနၾကသံေတြသူၾကားရသည္။ ထိုအေၾကာင္းကအခုတေလာလူေတြျငင္းၾကခုံၾကေဆြးႏြေးၾကဖို႔အေကာင္းဆုံး အေဟာ့ဆုံး ေခါင္းစဥ္တစ္ခုျဖစ္ေနဟန္တူသည္။ သူတို႔ေက်ာင္းသားကန္တင္းရဲ႕အႀကီးဆုံးတီဗြီႀကီးမွာေတာင္ ထိုဖီလာဖာလာ႐ုန္းရင္းဆန္ခတ္မ်ားအေၾကာင္း ထုတ္လႊင့္တင္ဆက္ေနေသာ သတင္းမ်ားကိုသာျပသေနတဲ့အထိပဲ။
ဒီလိုကိစၥမ်ိဳးနဲ႕ တိုက္ရိုက္မပတ္သတ္မိေသးသ၍ကေတာ့ သူတို႔ဟာသူတို႔ပါးစပ္ကအျမႇုပ္ထြက္မတတ္ စျမဳန့္ျပန္ေနပါေစ ဒါကဘာမွအသုံးမဝင္ေပ။ ကုန္းကြၽင့္ကေတာ့ ဒီကိစၥနဲ႕ပတ္သတ္ခဲ့မိသလားမပတ္သတ္ခဲ့မိသလား သူ႕ကိုယ္သူျပန္စဥ္းစားေနရသည္။
"ရိုးရိုးရွင္းရွင္းပဲေတြးၿပီး ေမ့လိုက္တာေပါ့... ပုံမွန္ဘဝအေၾကာင္းပဲအာ႐ုံစိုက္တာေပါ့"
ေက်ာက္ခင္းလမ္းေလးေပၚ စက္ဘီးကေလးကတလိမ့္လိမ့္။ စက္ဘီးစီးတဲ့သူကို ေက်ာင္းဝန္းႀကီးအျပင္ဘက္လမ္းဆီေခၚေဆာင္သြားရင္း ညေနခင္းလူသြားလူလာရႈပ္ေထြးလုရႈပ္ေထြးခင္လမ္းမေပၚျဖတ္သန္းသြား၏။ ႏြေဦးရဲ႕ေလညင္းကေလးက သူ႕မ်က္ႏွာဘက္ကိုညင္ညင္သာသာထိေတြ႕ကလူက်ီစယ္သြား၏။ ကုန္းကြၽင့္ႏွာေခါင္းတစ္ေလွ်ာက္ ပန္းရနံ႕နဲ႕စိမ္းစိုစိုသစ္ပင္သစ္ရိပ္ရနံ႕ေဖ်ာ့ေဖ်ာ့မ်ား ေလညင္းကေဆာင္ယူသယ္လာသည္။ သာယာေသာရာသီဥတုက ဒါဟာေနာက္ထပ္သာမန္ေန႕ရက္ကေလးတစ္ရက္ပါပဲလို႔သူ႕ကိုေခြၽးသိပ္ေပးေနသေယာင္။ လြန္ခဲ့တဲ့ေက်ာင္းပိတ္ရက္တုန္းကအျဖစ္အပ်က္ေတြနဲ႕မႀကဳံရေသးခင္အထိ အရင္တုန္းကလိုပဲသာမန္ေန႕ရက္ေလးေတြျဖစ္ေနပါေသးတယ္လို႔ ဆက္ၿပီး ဟန္ေဆာင္ေနဖို႔ပဲေတြးလိုက္သည္။
ေက်းလက္ေဒသရွိနယ္ၿမိဳ႕ေလးတစ္ခုကေန ကုန္းကြၽင့္ဒီလိုၿမိဳ႕ႀကီးျပႀကီးကိုလာခဲ့တာ။ သူ႕မွာ ေက်ာင္းစရိတ္ကင္းလြတ္ခြင့္နဲ႕တကၠသိုလ္တက္နိုင္ဖို႔ အစိုးရစေကာ္လာရွစ္ေထာက္ခံခ်က္ေတြနဲ႕ ေန႕စဥ္အသုံးအေဆာင္ေတြကလြဲလို႔ဘာမွပါမလာခဲ့။ နယ္မွာက်န္ခဲ့တဲ့သူ႕မိသားစုက လယ္လုပ္ငန္းလုပ္တာျဖစ္ၿပီး ကုန္းကြၽင့္ကိုတစ္လတစ္ခါေတာ့မုန့္ဖိုးပို႔ေပးသည္။ အမွီအခိုကင္းကင္းနဲ႕ေနဖို႔သူေလ့က်င့္ေနရင္း သူအခ်ိန္ပိုင္းအလုပ္တစ္ခုရခဲ့သည္။ အလုပ္ရတာက မိဘအေပၚအျပည့္အဝႀကီးမွီခိုစရာမလိုေတာ့ေၾကာင္းအာမခံခ်က္တစ္ခုပင္။ ေက်ာင္းCampusနားေလးကအနီးဆုံး ေဈးအသက္သာဆုံးတိုက္ခန္းတစ္ခန္းသူငွားခဲ့သည္။ ေက်ာင္းနဲ႕အခန္းကိုစက္ဘီးစီးၿပီးသြားတာက သူ႕အတြက္လမ္းစရိတ္သက္သာေစ၏။ သူ႕ရဲ႕တစ္ခုတည္းေသာရည္မွန္းခ်က္က ဆရာဝန္ေကာင္းတစ္ေယာက္ျဖစ္လာရန္ျဖစ္ၿပီး သူ႕နယ္မွာသူ ေဆးခန္းကေလးဖြင့္မယ္ ဒါပါပဲ။ ဘာမွရည္႐ြယ္ခ်က္ခပ္ႀကီးႀကီး တခမ္းတနားလုပ္မေန။
ဒါေပမဲ့ဒီလိုရည္႐ြယ္ခ်က္သိပ္မႀကီး သိပ္မႀကီးက်ယ္မခမ္းနားတဲ့သူ႕ဘဝေလးကို ကံတရားကႀကိဳတင္အသိမေပးပဲ အံ့အားသင့္စရာအရာႀကီးတစ္ခုသူ႕တံခါးဝမွာလာခ်ေပးခဲ့ဟန္တူသည္။ ဒါမ်ိဳးsurpriseႀကီးက သူ႕သူငယ္ခ်င္းေတြရဲ႕ဘဝတစ္ေလွ်ာက္လုံးတစ္ခါေလးေတာင္ မႀကဳံခဲ့ဖူးတဲ့အေတြ႕အႀကဳံမ်ိဳးျဖစ္၏။
အဲ့ညက ကုန္းကြၽင့္သြားတိုက္ေဆးကုန္ေနလို႔ဆိုၿပီး အျပင္ထြက္လာခဲ့တာ။ သူတိုက္ခန္းနားေလးက ႏွစ္ဆယ့္ေလးနာရီစတိုးကဆိုင္ပိတ္သြားခဲ့ၿပီ။ ဒီေတာ့သူ႕စက္ဘီးေလးယူၿပီးတျခားဆိုင္တစ္ဆိုင္ရွာဖို႔လုပ္ခဲ့ရသည္။ ဘယ္သူကထင္မွာလဲ။ တိမ္ကင္းစင္လုနီးပါးေကာင္းကင္က႐ုတ္တရက္ႀကီးမိုး႐ြာခ်လာလိမ့္မယ္လို႔ေလ။ သူအိမ္ျပန္တဲ့လမ္းမွာမိုးကသည္းသည္းထန္ထန္႐ြာခ်လာခဲ့သည္။
ေနာက္ထပ္ေရာ? သူ႕တိုက္ခန္းကိုျဖတ္လမ္းကျဖတ္ျပန္ရင္း အနီေရာင္နယ္ေျမကဘားထဲကေနေသနတ္သံေတြနဲ႕ ေအာ္သံဟစ္သံေတြ ၾကားခဲ့ရသည္။ ၿပီးေတာ့လူတစ္ေယာက္ကလမ္းၾကားထဲ ဒယိမ္းဒယိုင္ေျပးလာၿပီး လဲက်သြားတယ္ေလ။
ျဖစ္ေကာင္းျဖစ္နိုင္တာက သူ႕ရဲ႕ဆရာဝန္ေလာင္းလ်ာပင္ကိုယ္ဗီဇေၾကာင့္ ဒါမွမဟုတ္လည္းသူကငတုံးေလးျဖစ္ေနလို႔ျဖစ္မွာပဲ။ သူဒါကိုမျမင္ခ်င္ေယာင္မေဆာင္လိုက္နိုင္လို႔စက္ဘီးကိုရပ္ထားခဲ့ရင္း မိုးသည္းသည္းၾကားထဲ ထိုလူစိမ္းကိုသူသြားၾကည့္ခဲ့သည္။ ထိုလူကအသက္ႏွစ္ဆယ့္ကိုး သုံးဆယ္ေက်ာ္ဝန္းက်င္လူတစ္ေယာက္ျဖစ္ၿပီး အိုမီဂါတစ္ေယာက္ျဖစ္ေနမွန္း သေဘာေပါက္ရန္မၾကာလိုက္ေခ်။ ၿပီးေတာ့ထိုအိုမီဂါက ခါးေစာင္းမွာဒဏ္ရာႀကီးနဲ႕ေသြးေတြကအမ်ားႀကီးထြက္ေနေသးတယ္ေလ။
ဒဏ္ရာရေနတဲ့သူတစ္ေယာက္ကိုျမင္ရင္ျဖစ္သင့္တာကဘာလဲဆို အျမန္အေရးေပၚကိုဖုန္းဆက္ၿပီး ေဆး႐ုံကိုေခၚသြားေပးရမွာ။ ကုန္းကြၽင့္လည္း တျခားအသံဗလံေတြ လမ္းၾကားရဲ႕တစ္ဖက္ကေနထြက္မလာခင္အထိ ဒီလိုလုပ္ဖို႔ေတြးမိပါေသးသည္။ ဒါကဘာပဲျဖစ္ျဖစ္ ဒီလူေတြကဒီဒဏ္ရာရေနတဲ့လူကိုလိုက္ရွာေနၾကတာျဖစ္ၿပီး ကူညီဖို႔လိုက္ရွာေနတာေတာ့ျဖစ္ဟန္မတူေခ်။ ဒီေတာ့သူအေၾကာက္လြန္သြားၿပီး ထိုလူကိုလမ္းၾကားထဲကေနသယ္သြားၿပီးသူ႕ဘီးေလးရွိတဲ့ဆီျပန္လာ ၿပီးေတာ့တိုက္ခန္းကို လူေတြသတိမထားမိေအာင္ ေခၚသြားလိုက္တာပဲ။ သူနဲ႕အဲ့လူႏွစ္ေယာက္လုံးႂကြက္စုတ္ကေလးေတြလို ႐ႊဲ႐ႊဲစိုကုန္ေသးသည္။
ကံေကာင္းခ်င္ေတာ့ ထိုလူရဲ႕ဒဏ္ရာက သိပ္မနက္ပဲ ကိုယ္တြင္းအဂၤါေတြနဲ႕လြတ္သြားတာေၾကာင့္ သူ႕ရဲ႕ေရွးဦးသူနာျပဳေဆးေသတၱာအကူညီနဲ႕ပဲသူေျဖရွင္းလိုက္နိုင္သည္။ သို႔ေသာ္ထိုလူမွာ တစ္ကိုယ္လုံးေအးစက္ေနၿပီး လုံးဝသတိမလည္လာတဲ့အေျခေနျဖစ္ေနတာေၾကာင့္ မတတ္နိုင္ပဲသူ႕တိုက္ခန္းမွာပဲ တစ္ညသိပ္လိုက္ဖို႔အေၾကာင္းဖန္လာေတာ့သည္။ ဒဏ္ရာရေနတဲ့သူတစ္ေယာက္ကိုၾကမ္းျပင္ေပၚမသိပ္လိုက္နိုင္လို႔ သူပဲၾကမ္းျပင္ေပၚအိပ္ၿပီး အဲ့လူကိုကုတင္ေပၚတင္သိပ္လိုက္ရသည္။
သို႔ေသာ္စိတ္ရႈပ္ခ်င္စရာပင္။ အဲ့လူကေနာက္ေန႕မနက္ေရာက္ေတာ့ မေျပာမဆိုႀကီးထြက္သြားသည္။ ပိုၿပီးစိတ္ရႈပ္စရာေကာင္းတာကဘာလဲဆို ၿမိဳ႕ထဲမွာအေကာင္းဆုံး ပရိေဘာဂလုပ္ငန္းတစ္ခုထံမွ သူ႕ဆီကိုအိပ္ရာႀကီးတစ္လုံး deliveryနဲ႕ပို႔လာသည္။ သူ႕အိပ္ရာအေဟာင္းေလးကိုဖယ္ၿပီး အိပ္ရာအေကာင္းစားအသစ္ႀကီးနဲ႕ မေျပာမဆိုလာလဲေပးေနၾကတာ။ ၿပီးေတာ့ ၾကယ္ငါးပြင္ဟိုတယ္ေတြမွာသာေတြ႕ရတတ္တဲ့ေခါင္းအုံးေတြ အိပ္ရာခင္းေတြ ေစာင္ေတြ setလိုက္ႀကီး။ ထို႔ျပင္ သူတစ္ႏွစ္လုံးအခ်ိန္ပိုင္းလုပ္ရင္ေတာင္ဝယ္နိုင္မည့္ပုံမေပါက္ေသာ နိုင္ငံျခားဘရန္း pajamasတစ္ထည္ေတာင္ပါလိုက္ေသးသည္။
သူ႕ကိုဒီလိုမ်ိဳး လွတပတ အမိုက္စားလက္ေဆာင္ေတြပို႔ေပးရမဲ့အစား ပုံမွန္လူေတြလို လူခ်င္းေတြ႕ေက်းဇူးတင္ဖို႔ေတာင္အခ်ိန္မရတဲ့သူက ဘယ္လိုလူမ်ိဳးျဖစ္မလဲသူခက္ခက္ခဲခဲေတြးယူလိုက္ရၿပီး အဲ့ဒါသူကယ္ခဲ့တဲ့အိုမီဂါကလြဲ တျခားသူမျဖစ္နိုင္ဟု သူေကာက္ခ်က္ခ်လိဳက္သည္။ အဲ့ဒီလူရဲ႕ အလုပ္အကိုင္ကဘာမ်ားလဲ သူကဘယ္လိုလူမ်ိဳးမ်ားလဲဆိုၿပီးသူရွာၾကည့္ခ်င္မိေပမဲ့ ခြင့္ျပဳခ်က္မရပဲသူမ်ားidentityကိုလိုက္တာမျဖစ္သင့္ဟု ကုန္းကြၽင့္ကိုယ့္ကိုယ္ကိုယ္ဆုံးမလိုက္သည္။ ဒါထက္ အဲ့လူရဲ႕ေသြးအလိမ္းလိမ္းနဲ႕ပုံစံကိုခဏဖယ္ထားလိုက္ရင္ သူမွတ္မိတာဆိုလို႔ လိေမၼာ္သီးနဲ႕ ဟိုက္ဒရန္ဂ်ာ (ေျခာက္လပန္း) ပန္းပြင့္ရနံ႕ေရာေနတဲ့ ဖယ္ရိုမုန္းအနံ႕ပဲရွိတာ။
သူက အရမ္းလွတဲ့ အိုမီဂါတစ္ေယာက္...။
အေတြးေတြကို ႀကဳံခဲ့ရတဲ့ထိုအျဖစ္ပ်က္ထဲ လွည့္လည္ေနရင္းနဲ႕ပဲ သူ႕စက္ဘီးေဟာင္းေလးသည္ ဦးတည္ရာေနရာသို႔ေရာက္လာခဲ့ေတာ့၏။
ေဈးဆိုင္တန္းမ်ားရွိရာလမ္းေလးထဲတြင္ ဆိုင္ႀကီးဆိုင္ငယ္မ်ားစီတန္း၍ေနသည္။ ထိုထဲမွာဆိုင္ေလးတစ္ဆိုင္မွာ ေဆးအေရာင္ေတာက္ေတာက္ပပသုတ္ထားၿပီး ဆိုင္အတြင္း၌လည္း ရင္းႏွီးပ်ဴငွာၿပီး သာယာေသာေလထုကိုေဆာင္ၾကဥ္းေန၏။ ဆိုင္အတြင္းပိုင္းမွာ ေခြးကာတြန္း႐ုပ္ကေလးမ်ားႏွင့္ ေခြးလက္ဖဝါးပုံေလးမ်ားအလွဆင္ထားသည္။ ဆိုင္ထဲေလွ်ာက္ၾကည့္မယ္ဆိုရင္ မစိမ္းသက္ေသာ ေဟာင္သံ၊ ေညွာင္သံကေလးမ်ားၾကားနိုင္သည္။
ကုန္းကြၽင့္သူ႕ဘီးကေလးကို ဆိုင္ရဲ႕ေထာင့္တစ္ေနရာ အေနာက္ဘက္လမ္းထိစီးလာၿပီး ရပ္ကာ ေသာ့ခတ္လိုက္သည္။ ေနာက္ၿပီးသူဆိုင္ထဲကို အေနာက္ေပါက္မွဝင္လာခဲ့၏။
"ေဟာ... ကြၽင့္ကြၽင့္ႀကီးေရာက္လာၿပီ"
အလုပ္သမားေတြထဲကတစ္ေယာက္ကသူ႕ကိုဝင္လာလာခ်င္းႏႈတ္ဆက္ေနေတာ့ သူရွက္ေသြးျဖာသြာရၿပီး သူ႕လက္ကအလိုအေလ်ာက္ မ်က္ႏွာကိုကုတ္ေနမိေတာ့၏။
"က်ဲ... ကြၽန္ေတာ့္ကိုအဲ့လိုႀကီးမေခၚပါနဲ႕ဗ်ာ"
ကုန္းကြၽင့္ရွက္ရွက္ႏွင့္ေျပာလိုက္သည္။
"ဘာလို႔မေခၚရမွာလဲ ဒီဆိုင္မွာကြၽင့္ကြၽင့္ကႏွစ္ေယာက္ေတာင္ရွိတာေလ အဲ့ေတာ့ငါတို႔နည္းနည္းေလးကြဲျပားေအာင္ဒီလိုေလးနာမည္မတူေအာင္ေပးထားရတာေပါ့ "
"မဟုတ္ဘူးဗ်ာ က်ဲကအဲ့လိုေခၚေတာ့ ကြၽန္ေတာ္ကႀကီးစဥ္ငယ္လိုက္ စီနီယာဂ်ဴနီယာဝါကို ေဖာက္ဖ်က္ေနသလိုႀကီးခံစားရတယ္ဗ်"
"ေအာ္... ဘာပဲျဖစ္ျဖစ္ မင္းကပိုထြားတာအသိသာႀကီးကို တျခားကြၽင့္ကြၽင့္ကလည္း အဲ့ဒါကိုနားလည္မွာပါ"
သူ႕အလုပ္ေဖာ္အစ္မက သူ႕ကိုၿပဳံး၍ေျပာလာသည္။
"သြားသြား ျမန္ျမန္အဝတ္လဲခ်ည္... ဒီေန႕ဆိုင္ကလူရႈပ္တယ္ ေနာက္ထပ္ကူညီမဲ့လက္တစ္စုံအျမန္ဆုံးလိုအပ္ေနၿပီ"
ကုန္းကြၽင့္ ခပ္ျမန္ျမန္အဝတ္လဲခန္းထဲသို႔သြားၿပီး သူ႕ရဲ႕ပုံမွန္အဝတ္အစားေတြကို ဆိုင္တံဆိပ္ပါတဲ့တီရွပ္အျဖဴေရာင္ေလးနဲ႕ လဲဝတ္လိုက္သည္။ ေနာက္ၿပီးအေပၚကေန ေအပ႐ြန္တစ္ထပ္ဝတ္ရသည္။ အဝတ္လဲၿပီးခ်ိန္မွာေတာ့ သူဆိုင္ရဲ႕ publicေနရာကို အလုပ္လုပ္ဖို႔ထြက္လာခဲ့လိုက္၏။
တံခါးဖြင့္လိုက္တာနဲ႕ စိတ္လႈပ္ရွားေနေသာေဟာင္သံကေလးမ်ားကသူ႕ကိုမိတ္ဆက္လာၿပီး ေျခေလးေခ်ာင္းရွိ စုတ္ဖြားလုံးေလးမ်ား အၿမီးတႏွံ႕ႏွံ႕လွ်ာတစ္လစ္ျဖင့္ သူ႕ကိုဝန္းရံထားၾကေတာ့သည္။
သူတို႔ဆိုင္ကၿမိဳ႕ထဲမွာဆိုရင္ ေခြးကေဖးလို႔ေက်ာ္ၾကားသည္။ ဆိုင္က အနားယူအပန္းေျဖဖို႔နဲ႕ကစားဖို႔အတြက္ဖြင့္ထားျခင္းျဖစ္သည္။ ကာစတန္မာေတြေအးေအးလူလူ ေသာက္စရာမွာေသာက္ ေပါ့ေပါ့ပါးပါးစားစရာမွာစားနိုင္သည့္အျပင္ ဆိုင္ကပိုင္တဲ့ တိရစ္ဆာန္ေလးေတြနဲ႕လည္း ခင္ခင္မင္မင္ေဆာ့လို႔ကစားလို႔ရေသးသည္။ ေခြးေလးေတြထားတဲ့ေနရာနဲ႕ ေကာ္ဖီဆိုင္အခင္းအက်င္းေနရာကဆက္ေနတာေၾကာင့္ ကာစတန္မာေတြေကာ္ဖီေသာက္ေနတုန္း ဆိုင္ထဲေခြးေလးေတြေရာက္လာလာတတ္ၿပီး သူတို႔ရဲ႕စူးစမ္းခ်င္ေနတဲ့ႏွာေခါင္းေလးေတြနဲ႕ ကာစတန္မာေတြရဲ႕ေျခေထာက္ကိုလိုက္နမ္းၾကည့္ေနတတ္တာမ်ိဳးကဆိုင္မွာမဆန္းေတာ့။
ေခြးေလးေတြတစ္ေကာင္ခ်င္းစီကို ေခါင္းပုတ္ႏႈတ္ဆက္လိုက္ၿပီး သူလက္ေဆးကာ အလုပ္လုပ္ဖို႔ျပင္ရေတာ့သည္။ အလုပ္ေဖာ္အစ္မေျပာသလိုပင္ ဒီေန႕က်မွ တျခားေန႕ေတြထက္ ဆိုင္က လူေတြပိုက်ေနသည္။ ကုန္းကြၽင့္မွာ အသစ္ထပ္ထပ္ေရာက္လာတဲ့ကာစတန္မာမ်ားရဲ႕ အေတာမသတ္နိုင္ေသာ ေအာ္ဒါမ်ားၾကား နစ္ျမဳပ္သြားသလိုေတာင္ခံစားလိုက္ရ၏။
အမွာမ်ားလက္ခံၿပီး ေကာ္ဖီက်ိတ္ လက္ဖက္ရည္ေဖ်ာ္ အစာသြပ္မုန့္ေတြကိုလွလွေလး ပလိတ္တင္လုပ္ၿပီး သူ႕ရဲ႕စားပြဲထိုးလုပ္ေဖာ္ကိုင္ဖက္မ်ားကို ကာစတန္မာေတြဆီအျမန္ဆုံးေရာက္ေအာင္ပို႔ေပးဖို႔သာ ကုန္းကြၽင့္အာ႐ုံစိုက္ထားလိုက္သည္။ သူအလုပ္ကလြဲတျခားအရာေတြဘယ္ဟာမွ အာ႐ုံမစိုက္နိုင္အားပါ။ အလုပ္ခ်ိန္မွာဘယ္သူေတြဝင္လာတယ္ထြက္သြားတယ္ဆိုတာသိဖို႔က ေဝလာေဝး။
ဆိုင္ကမွန္ေတြကာရံထားလို႔အျပင္ကိုျမင္ရေပမဲ့လည္း ဆိုင္ရဲ႕အျပင္မွာ အနက္ေရာင္ကားအေကာင္းစားတစ္စီးရပ္လိုက္တာကို သူမျမင္အားလိုက္။ ထိုကားထဲမွာလူတစ္ေယာက္ထြက္လာၿပီး ေကာ္ဖီဆိုင္ထဲတန္းတန္းမတ္မတ္ဝင္လာ၏။
ဆိုင္တံခါးမွာတပ္ထားေသာေခါင္းေလာင္းသံမွာ လူအသစ္တစ္ေယာက္ဝင္လာျခင္းေၾကာင့္ ခြၽင္ခနဲျမည္သြားသည္။ ထိုလူက စားပြဲထိုးေကာင္မေလးၫႊန္ျပေပးေသာ ဝိုင္းအလြတ္တစ္လုံးမွာဝင္ထိုင္လိုက္ၿပီး ေအာ္ဒါအတြက္ သူမေပးေသာမီႏူးကဒ္ကိုၾကည့္ကာေနသည္။
ကုန္းကြၽင့္မွာ သူ႕အလုပ္ထဲေခါင္းျမဳပ္ေနတာေၾကာင့္ ဘယ္ဟာမွ မၾကည့္အားေပ။ စားပြဲထိုးအစ္မကသူ႕ရဲ႕ေကာ္ဖီဘားဆီေရာက္လာၿပီးေျပာသည္။
"ကြၽင့္ကြၽင့္ႀကီး... ဒီမွာမင္းအတြက္ အထူးေအာ္ဒါ"
"အထူးေအာ္ဒါ? ဘာလို႔လဲ ကာစတန္မာက ဓာတ့္မတည့္တာဘာညာရွိလို႔လား"
"မဟုတ္ပါဘူး ဓာတ္မတည့္တာမဟုတ္ဘူး ဒီမွာၾကည့္"
သူမကေအာ္ဒါေရးမွတ္လာတဲ့စာ႐ြက္ကိုေထာင္ျပလာသည္။ စာ႐ြက္ကိုၾကည့္ၿပီးေနာက္ ကုန္းကြၽင့္မ်က္ေမွာင္ၾကဳတ္သြား၏။
" Espressoတစ္ခြက္.. အဲ့ဒါဘာမ်ားထူးျခားေနလို႔လဲ"
ကုန္းကြၽင့္မ်က္ခုံးပင့္ၾကည့္ရင္းေျပာလိုက္သည္။
" Espresso တစ္ခြက္ကေတာ့မထူးျခားဘူး ဒါေပမဲ့ မင္းကို အဲ့ဒီဝိုင္းကိုespressoလာခ်ေပးဖို႔ ကာစတန္မာကေတာင္းဆိုထားတာ"
သူမစကားေၾကာင့္ကုန္းကြၽင့္မ်က္ခုံးကပိုလို႔ေတာင္အေပၚကို ေျမာက္တက္သြားရသည္။
"ဘယ္သူမွာတာလဲ..."
''အဲ့တစ္ေယာက္"
သူမကကုန္းကြၽင့္အေမးကို ထိုဝိုင္းဆီလက္ညွိုးထိုးျပရင္း ျပန္ေျဖသည္။
"အဲ့ဒီမွာေတြ႕လား suitဝတ္ထားၿပီးေတာ့ ဆံပင္သပ္သပ္ရပ္ရပ္နဲ႕လူ..."
သူမလက္ညွိုးၫႊန္ျပရာကိုလိုက္ၾကည့္ၿပီးမွ ကုန္းကြၽင့္တစ္ေယာက္ ယမန္ေန႕ကသူဘယ္လိုအရႈပ္ေထြးမ်ိဳးမွာပါဝင္ပတ္သတ္ခဲ့ၿပီး ဘာေတြလုပ္မိထားတယ္ဆိုတာကို ေမ့ေနတဲ့စိတ္ကေလး အစျပန္ေပၚလာခဲ့သည္။
အဲ့ဒါအဲ့ေန႕ညကသူကယ္ခဲ့တဲ့ အိုမီဂါပဲ။ သူ႕ကိုဘာစကားတစ္ခြန္းမွမခ်န္ခဲ့ပဲမနက္ပိုင္းေရာက္ေတာ့ ထြက္သြားတဲ့လူ။
"ဟဲ့..."
သူ႕လုပ္ေဖာ္ကိုင္ဖက္အစ္မက ကုန္းကြၽင့္မ်က္ႏွာနားကပ္ၿပီးလက္ေဖ်ာက္တီးရင္းအသံျပဳလာေတာ့ သူ႕အေတြးေတြက လက္ရွိဆီျပန္ေရာက္လာသည္။
"ဘာျဖစ္ေနတာလဲ... အဲ့ကာစတန္မာနဲ႕သိလို႔လား"
"ကြၽန္ေတာ္..."
သူခဏေလာက္ေတာ့စကားလုံးေတြေပ်ာက္ဆုံးသြားသလိုခံစားလိုက္ရေပမဲ့ ဆက္ေတာ့ေျပာလိုက္နိုင္ပါသည္။
" ကြၽန္ေတာ္ သိတယ္... ထင္တာပဲ"
"ဘာကိုထင္တာပဲလဲ "
သူ႕လုပ္ေဖာ္ကိုင္ဖက္မွာ သူေျပာတဲ့စကားက အၿမီးအေမာက္မတည့္တာေၾကာင့္ဘာမွနားမလည္သေယာင္။
"ဘာေနေနပါ သူကမင္းအသိပဲေလ ဒီကိုဝင္ၿပီးမင္းကိုႏႈတ္ဆက္ခ်င္လို႔ေနမွာပါ သူ႕ပုံစံကမေကာင္းတဲ့ရည္႐ြယ္ခ်က္မရွိေလာက္ပါဘူး"
သူမစကားကို ကုန္းကြၽင့္ဘာတစ္ခြန္းမွမေခ်ပနိုင္ေပ။ အစကေတာ့ ေကာ္ဖီက်ိတ္ေနရင္း သူျငင္းလိုက္ရင္ေကာင္းမလားစဥ္းစားမိေပမဲ့ ဒါမ်ိဳးလုပ္ရင္ရိုင္းရာက်သြားလိမ့္မည္။ သူကလည္းကိုယ့္ကိုဘာမွလုပ္ရေသးတာမဟုတ္။
သို႔ႏွင့္သူEspressoခြက္ကေလးကို ဗန္းေပၚတင္ၿပီး ထိုလူရွိရာဝိုင္းဆီေလွ်ာက္သြားလိုက္သည္။
ထိုလူမွာ ဆိုင္ကခ်ေပးထားတဲ့မဂၢဇင္းစာအုပ္ကိုဖတ္ေနၿပီး ကုန္းကြၽင့္ေရာက္လာတာသတိထားမိမိျခင္းမွာပဲ ေခါင္းေထာင္ၾကည့္လာရင္း ၿပဳံးျပလာသည္။
အဲ့ဒီေန႕ညကသူရခဲ့တဲ့လိေမၼာ္ပြင့္နဲ႕ ဟိုက္ဒရန္ဂ်ာရနံ႕မ်ားထိုသူ႕ခႏၶာကိုယ္မွ ခပ္ေငြ႕ေငြ႕လြင့္ေနသည္။
" ဟို... ခင္ဗ်ားမွာထားတဲ့ဟာပါ"
ကုန္းကြၽင့္ တြန့္ဆုတ္ဆုတ္ႏွင့္ေျပာရင္း ခြက္ကိုသူ႕ေရွ႕ခ်ေပးလိုက္ေတာ့ အဲ့လူကေခါင္းၿငိမ့္ျပလာသည္။
" ေက်းဇူးပါ "
"...."
" မင္းကိုယ့္ကိုမေမ့ေသးဘူးလို႔ေမွ်ာ္လင့္တာပဲ "
" ကြၽန္ေတာ္ .... မေမ့ပါဘူး "
ဘာရယ္ေၾကာင့္မွန္းမသိ အယ္ဖာေလးမွာစိတ္လႈပ္ရွားလာသလိုခံစားလာရသည္။
" ေကာင္းၿပီ ... ကိုယ္ဒီကိုလာရတဲ့အေၾကာင္းျပခ်က္ကလည္း မင္းကိုယ္ေနာက္တစ္ႀကိမ္ကိုယ္တိုင္ကိုယ္က်ေတြ႕ခ်င္လို႔ပါ "
ကုန္းကြၽင့္တို႔႐ြာမွာေနတုန္းကဆို ႐ြာကလူေတြကေျပာတတ္ၾကသည္။ ၿမိဳ႕ႀကီးျပႀကီးနဲ႕ အဲ့ဒီမွာေနတဲ့သူေတြရဲ႕စရိုက္ေတြအေၾကာင္းကိုေပါ့။ ၿမိဳ႕ေပၚမွာ လူတန္းစားေပါင္းမ်ားစြာေနထိုင္ၾကၿပီး သူတို႔က ႐ြာကလူေတြလိုအခ်င္းခ်င္းေဆြခုနစ္ဆက္မ်ိဳးခုနစ္ဆက္ကိုသိေနတဲ့သူမ်ိဳးေတြမဟုတ္ၾကပါ။ လူတိုင္းကတစ္သီးတျခားစီျဖစ္ၿပီး တစ္ဖက္သားအေၾကာင္းေတာင္ ဂဃနဏမသိရ။ ၿမိဳ႕ျပလူေတြရဲ႕အက်င့္ကသူတို႔ေက်းလက္ကလူေတြနဲ႕မတူ ရိုင္းစိုင္းၿပီးဆိုးဝါးတဲ့သူေတြရွိေတာ့ ရိုးအတဲ့႐ြာဘက္ကလူေတြ ၿမိဳ႕ေပၚကိုပထမဆုံးအႀကိမ္သြားေတာ့မယ္ဆို သတိႀကီးႀကီးထားဖို႔အၿမဲေျပာၾကသည္။
အခုသူ႕ေရွ႕ကဒီလူကေတာ့ ခင္စရာေကာင္းမဲ့ပုံေပၚေနသည္။ မရိုင္းစိုင္းေပမဲ့ မဆိုးဝါးဘူးလားဆိုးဝါးလားဆိုတာကိုေတာ့ သူလည္းမဆုံးျဖတ္နိုင္ေပ။ သူဒီလူကိုစစေတြ႕တုန္းက သူကသတိေတာင္ကပ္မေနဘူး။ တစ္ကိုယ္လုံးေသြးေတြနဲ႕ အားနည္းေနခဲ့တဲ့ပုံစံ။ သူ႕ဒဏ္ရာေတြကို ကုန္းကြၽင့္ေဆးထည့္ေပးေနခဲ့တုန္းက သူ႕မ်က္ႏွာေလးက မၾကာခဏရႈံ႕မဲ့သြားတတ္ၿပီး စာ႐ြက္ျဖဴေလးတစ္႐ြက္လိုျဖဴေလ်ာ္ေနခဲ့ေပမဲ့ ထိုထဲမွာ ၾကည့္ေကာင္းမႈမ်ားမွာေတာ့တစ္စက္ေတာင္ေလ်ာ့မသြား။ အခုက်ေတာ့ဒီလူကသူ႕မ်က္စိေရွ႕မွာ အၿပဳံးေလးနဲ႕ ယုံၾကည္ခ်က္ရွိရွိစကားေတြေျပာေနေလေတာ့ ဒါကသူသိခဲ့တဲ့အဲ့လူနဲ႕မ်က္ႏွာခ်င္းတူတဲ့တျခားတစ္ေယာက္စကားေျပာေနသလို ခံစားရေစသည္။
"ဆရာက ကြၽန္ေတာ့္ကိုဘာလို႔မ်ားေတြ႕ခ်င္ရတာလဲ...မ..မသိဘူးခင္ဗ်ာ?"
သူအထစ္ထစ္အေငါ့ေငါ့ႏွင့္ေမးလိုက္မိသည္။
" အရမ္းႀကီးယဥ္ေက်းဖို႔မလိုပါဘူး ကိုယ္ကမင္းအဲ့ဒီလိုယဥ္ယဥ္ေက်းေက်းသုံးႏႈန္းရေလာက္တဲ့အထိ ျမင့္မားမေနပါဘူး ကိုယ့္နာမည္ကို ေသေသခ်ာခ်ာမိတ္မဆက္ေပးရေသးဘူးေနာ္ ... ကိုယ့္နာမည္ က်န္းက်ယ္ဟန့္ပါ "
" က်န္း...... က်ယ္ဟန့္ "
"အင္း ... ကိုယ့္ကိုနာမည္တပ္ၿပီးေခၚရတာသက္ေသာင့္သက္သာမျဖစ္ဘူးဆိုရင္ ဒီအတိုင္း ကိုကို လို႔ေခၚလို႔တယ္ ... ဒါနဲ႕မင္းနာမည္က ကုန္းကြၽင့္ေနာ္ "
" ဟုတ္ .... ဟုတ္ပါတယ္"
" မင္းဘာကိုေၾကာက္ေနတာလဲ စိတ္ခ်ပါ ကိုယ္မင္းကိုကိုက္မစားပါဘူး "
သူ႕ေရွ႕ကအိုမီဂါက ခပ္ေဖ်ာ့ေဖ်ာ့ရယ္လိုက္ရင္းေျပာသည္။
"ကိုယ္မင္းကို လူခ်င္းေတြ႕ၿပီးေက်းဇူးမတင္ရေသးလို႔ပါ ... အဲ့ေန႕ညက မင္းကိုယ့္ကိုကယ္ေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ မင္းသာမကယ္ရင္ကိုယ္အခုဆိုေသေနေလာက္ၿပီ "
ေသတယ္? ဒီလူမွာဘယ္လိုအေျခေနမ်ိဳးေတြေတာင္ရွိေနလို႔ သူ႕အသက္ကိုတျခားလူေတြကလိုခ်င္ေနရတာလဲ။ တကယ္လို႔မေန႕ညကအဲ့အေျခေနမွာသူသာေရာက္မလာရင္ ဘာေတြမ်ားဆက္လုပ္ဦးမွာလဲ။
" ဟို ... ေမးရမွာအားေတာ့နာပါတယ္ အဲ့တုန္းကခင္ဗ်ားဘာျဖစ္ခဲ့တာလဲ "
သူ႕ရွိသမွ်သတၱိေတြအကုန္စုၿပီး ကုန္းကြၽင့္စပ္စပ္စုစုေမးလိုက္သည္။
" ၿပီးေတာ့ ... ဘာလို႔ မနက္က်ထြက္သြားရတာလဲ "
" အဲ့ဒါကနည္းနည္းေတာ့ရႈပ္ေထြးတယ္ မင္းရဲ႕သူေဌးကအလုပ္ခ်ိန္ႀကီးမွာ ကိုယ္မင္းကိုဒါမ်ိဳး ဇာတ္လမ္းရွည္ႀကီးေျပာျပတာနားေထာင္ဖို႔ အၾကာႀကီးထိုင္ခြင့္ျပဳမယ္မထင္ဘူး "
က်န့္က်ယ္ဟန့္က သူ႕ေရွ႕ကေကာ္ဖီကိုတစ္ငုံေသာက္လိုက္ရင္းဆက္ေျပာသည္။
" ၿပီးေတာ့ ကိုယ္ကဘာလဲဆိုတာကို ေတြ႕ကရာလူကိုထုတ္ေျပာတတ္တဲ့လူစားထဲမွာ ကိုယ္မပါဘူး အဲ့ေန႕ကကိုယ္နိုးလာၿပီး ထြက္မသြားရင္ မင္းကေမးခြန္းေတြအမ်ားႀကီးေမးလိမ့္မယ္ဆိုတာကိုယ္သိတယ္ေလ ... ဒါေၾကာင့္ ကိုယ္ထြက္သြားတာပါ ေျပာရရင္မင္းက ကိုယ့္အေၾကာင္းဘာမွမသိတဲ့သူေလ ကိုယ္မွားသြားတယ္ဆို ေတာင္းပန္ပါတယ္ "
"ကိစၥမရွိပါဘူး... ရပါတယ္ ခင္ဗ်ားအခုျပန္ေကာင္းေနတာကိုပဲကြၽန္ေတာ္ျမင္ရေတာ့စိတ္သက္သာရာရပါတယ္ အဲ့ညကခင္ဗ်ားဒဏ္ရာေတာ္ေတာ္ျပင္းေနတာ ေသြးေတြလည္းအမ်ားႀကီးထြက္ထားေသးတယ္ "
သူ႕စကားအဆုံးမွာ က်န္းက်ယ္ဟန့္ကတစ္ခ်က္ၿပဳံးသည္။
" ဒီေလာက္ျပင္းျပင္းထန္ထန္ခိုက္မိတာကို ကိုယ့္ကိုေဆး႐ုံမပို႔ပဲ ေကာင္းေကာင္းကိုင္တြယ္လိုက္နိုင္တာမင္းအရမ္းေတာ္တာပဲ ကိုယ္ေမးပါရေစ မင္းကအဲ့နယ္ပယ္နဲ႕ နီးစပ္တဲ့သူမလား "
" ဟုတ္ ... ကြၽန္ေတာ္က ေဆးေက်ာင္းသားပါ "
" ဆရာဝန္ျဖစ္ဖို႔ႀကိဳးစားေနတယ္ဆိုပါေတာ့ "
"ဟုတ္ကဲ့ဗ်.."
အယ္ဖာေကာင္ေလးမွာ ယခင္ကထက္စကားေျပာရတာပိုသက္ေသာင့္သက္သာရွိလာဟန္တူသည္။
" ကြၽန္ေတာ္တို႔႐ြာမွာက ေဆးဝါးပစၥည္းေတြ ေဆးပညာနဲ႕ပတ္သတ္တဲ့အေထာက္အပံ့ေတြက တအားရွားေတာ့ လူေတြဖ်ားရင္နာရင္ အရမ္းခက္ခဲတာ ... ကြၽန္ေတာ္ဆရာဝန္ျဖစ္ေအာင္ႀကိဳးစားၿပီး ကြၽန္ေတာ္တို႔နယ္ကသူေတြအတြက္ အကူအညီတစ္ခုျဖစ္ျဖစ္ေပးခ်င္တာ "
" မင္းမွာဒီလိုျမင့္ျမတ္တဲ့ရည္႐ြယ္ခ်က္ရွိေနတာပဲ ... ကိုယ္အထင္ႀကီးသြားၿပီ "
" အခုခ်ိန္ထိေတာ့အဲ့ဒါက ဆႏၵသက္သက္ပါပဲ ေရွ႕ဆက္ေလွ်ာက္ရမဲ့လမ္းကအရွည္ႀကီးက်န္ပါေသးတယ္ဗ် "
ကုန္းကြၽင့္မွာရွက္ေသြးျဖာလာျပန္သည္။
" ေတာင္းပန္ပါတယ္ အဆက္အစပ္မရွိ စကားေတြေလွ်ာက္ေျပာမိလို႔ ... "
" မဟုတ္တာ ... ကိုယ္တကယ္အထင္ႀကီးသြားတာ မင္းကလူေကာင္းေလးပါ ႏွလုံးသားလည္းလွတယ္ "
က်န္းက်ယ္ဟန့္ကအျပဳစစႏွင့္ စကားဆိုသည္။
" ေအာ္ ဒါနဲ႕ ... မင္းကိုအဲ့ေန႕က ကိုယ္ပို႔ေပးလိုက္တဲ့ အိပ္ရာအဆင္ေျပတယ္မလား အာမခံကဒီလကုန္အထိဆိုေတာ့ တစ္ခုခုအဆင္မေျပတာရွိရင္ေျပာလိုက္ေနာ္ သူတို႔လဲေပးလိမ့္မယ္ "
" ဒါဆို အဲ့ဒါေတြက တကယ္ပဲခင္ဗ်ားဆီကေပါ့ ... ဘာလို႔ကြၽန္ေတာ့္ကိုအိပ္ရာအသစ္ႀကီးပို႔ေပးတာလဲ ၿပီးေတာ့ အဲ့ဒီေဈးႀကီးတဲ့ေခါင္းအုံးေတြအိပ္ရာခင္းေတြေရာ ... ညဝတ္အကၤ်ီကပါေသး..."
" မင္းကို ကိုယ္ႏွောင့္ယွက္ခဲ့မိလို႔ေပါ့ ... အဲ့ညကကိုယ့္ေၾကာင့္ မင္းအိပ္ရာခင္းေတြစြန္းကုန္တယ္ ၿပီးေတာ့ မင္းရဲ႕pajamasကိုလည္းကိုယ္ကဝတ္ထားရေသးတယ္ ဒါကမင္းဆုံးရႈံးထားတဲ့အရာေတြအတြက္ ကိုယ္ျပန္ေလ်ာ္ေပးတာပါ ကိုယ္ကသူမ်ားပစၥည္းေတြဖ်က္ဆီးခဲ့ၿပီးဒီအတိုင္းႀကီးထြက္သြားရမွာလား "
က်န္းက်ယ္ဟန့္မွာ ထိုအေၾကာင္းကို ကမၻာေပၚမွာျဖစ္ေလ့ျဖစ္ထရွိေသာ သာမန္ကိစၥလိုလုပ္ၿပီးေျပာေနသည္။ ကုန္းကြၽင့္မွာေတာ့ အဲ့ဒီေဈးႀကီးတဲ့အိပ္ရာႀကီးေပၚမွာ ေဈးႀကီးတဲ့ေခါင္းအုံးေတြအိပ္ရာခင္းေတြနဲ႕ ဒါေတြဘယ္ေလာက္မ်ားေပးလိုက္ရမလဲေတြးေနလို႔ တစ္ေရးမွမရလိုက္ဘူး။ သူ႕အျဖစ္က သူဘယ္လိုေငြေခ်ရမလဲမသိတဲ့ ေဘလ္စာ႐ြက္ပုံႀကီးေပၚမွာ အိပ္ေနရသလိုအျဖစ္။ ၿပီးေတာ့ အဲ့ဒီညဝတ္အကၤ်ီႀကီးကလည္း ေဈးႀကီးမဲ့ပုံႀကီးမို႔ ပါကင္ေတာင္မေဖာက္ရဲဘူး။ ဒီပုံအတိုင္းဆို အဲ့ဒါႀကီးကိုသူနံရံမွာ အဖိုးတန္ပန္းခ်ီကားႀကီးကိုခ်ိတ္ထားရေတာ့မွာပဲ။
" ဒါေလးကေရာ ဘာေလးလဲကြာ "
သူတို႔စကားေျပာေနတုန္း အျဖဴေရာင္စုတ္ဖြားေကာင္ကေလးက သူတို႔နားတလိမ့္လိမ့္ေရာက္လာသည္။ သူက က်န္းက်ယ္ဟန့္ရဲ႕ branded ေဘာင္းဘီကိုအနံ႕ခံေနၿပီး သူ႕လွ်ာပန္းေရာင္ေလးကိုထုတ္ကာ ၾကမ္းျပင္ေပၚထိုင္ခ် အၿမီးတယမ္းယမ္းလုပ္ေနသည္။
" ကြၽင့္ကြၽင့္ ဒီကိုဘာလာလုပ္တာလဲ ... သြားကစားေန "
ကုန္းကြၽင့္အထိတ္တလန့္နဲ႕ Samoyed ေခြးျဖဴလုံးေလးကို ပထုတ္ဖို႔ႀကိဳးစားလိုက္သည္။ သို႔ေသာ္ထိုေကာင္ေလးမွာ သူ႕ကိုကုန္းကြၽင့္က ကစားဖို႔ဖိတ္ေခၚေနသည့္အလားထင္မွတ္သြားၿပီး ၾကမ္းျပင္ေပၚေတာင္တစ္ပတ္လွိမ့္လိုက္ၿပီးသူ႕ရဲ႕ ဗိုက္အိအိႀကီးမ်ားကို ႏွစ္ေယာက္လုံးျမင္ေအာင္ေဖာ္ျပထားေတာ့သည္။
က်န္းက်ယ္ဟန့္ကေတာ့ ေခြးေလးရဲ႕ပုံပန္းသြင္ျပင္ထက္ နာမည္ကိုပိုစိတ္ဝင္စားသြားဟန္တူသည္။
" ကြၽင့္ကြၽင့္ ဟုတ္လား "
သူကမ်က္ခုံးပင့္ကာေမးလာသည္။
" ဟုတ္တယ္ သူ႕နာမည္က ကြၽင့္ကြၽင့္ "
အယ္ဖာေကာင္ေလးမွာ ရွက္တစ္ဝက္ စိတ္လႈပ္ရွားမႈတစ္ဝက္ျဖင့္ ကိုးရိုးကားယားနိုင္စြာ ေျဖလိုက္ရသည္။
" ကြၽန္ေတာ္အလုပ္ကိုစေရာက္လာေတာ့ ကြၽန္ေတာ့္နာမည္မိတ္ဆက္လိုက္ေတာ့ ဝန္ထမ္းေတြကအံ့ၾသကုန္ၾကတာ ဒီေကာင္ကလြန္ခဲ့တဲ့ႏွစ္ႏွစ္ကတည္းက ဒီဆိုင္ကိုေရာက္ေနတာ ကြၽန္ေတာ့္ထက္ဝါႀကီးေပမဲ့ ကြၽန္ေတာ္ကလူျဖစ္ေနတာေရာ ပိုႀကီးေနတာေရာဆိုေတာ့ ကြၽင့္ကြၽင့္ႀကီးဆိုၿပီးျဖစ္သြားတာ ... ဒီေကာင္ကေတာ့ ကြၽင့္ကြၽင့္ေလးေပါ့ ေဟ့... အကိုႀကီးမရယ္နဲ႕ေလဗ်ာ "
ကုန္းကြၽင့္ရဲ႕သတိေပးစကားကေနာက္ေတာင္က်ေနေသးသည္။ က်န္းက်ယ္ဟန့္က ခုံေပၚထိုင္ေနရင္း ခႏၶာကိုယ္ကိုကိုင္းကာ ေဈးႀကီးေသာထိုကုတ္အကၤ်ီမ်ားေအာက္က ပုခုံးသားတို႔တသိမ့္သိမ့္တုန္ေအာင္ရယ္ေနေတာ့သည္။ သူ႕မ်က္လုံးကေလးေတြက ခ႐ုပတ္ေပါင္မုန႔္ေလးေတြလိုေကြးၫြတ္သြားၿပီး မ်က္လုံးေထာင့္ကေလးေတြမွာ အေရးေၾကာင္းေလးေတြေပၚလာေစသည္။ နဂိုျဖဴလြလြအသားေရမွာ ပိုေတာက္ပတဲ့ပန္းႏုေရာင္ေဖ်ာ့ေဖ်ာ့ေလးေတြလင္းလက္လာေတာ့ သူ႕မ်က္ႏွာကိုပိုၿပီးလူသားဆန္ေစသလို ခ်ဥ္းကပ္ရလြယ္ကူသည့္ပုံေပါက္ေစသည္။
ကုန္းကြၽင့္မွာ ႐ုတ္တရက္ေျပာင္းလဲသြားေသာ ထိုသူ၏အမူရာမ်ား၏ဆြဲေဆာင္ျခင္းခံလိုက္ရသလို။ တစ္ခ်ိန္တည္းမွာပင္ ကုန္းကြၽင့္မွာ ၾကမ္းျပင္ေပၚကSamoyedျဖဴလုံးကေလးလိုမ်ိဳး က်န္းက်ယ္ဟန့္ကိုေငးၾကည့္ေနမိေတာ့သည္။ ဒီေလာက္အၾကာႀကီးေစာင့္ေနတာေတာင္ဘာလို႔ဗိုက္ကေလးကိုမပြတ္ေသးေသးတာလဲ နားမလည္သည့္ျဖဴလုံးေလးလို အူေၾကာင္ေၾကာင္မ်က္ဝန္းေလးမ်ားျဖင့္။
ထိုပုံစံက က်န္းက်ယ္ဟန့္ကိုပိုရယ္သြားေစခဲ့သည္။ သူကမ်က္ရည္စေလးမ်ားကိုလက္ဖ်ားေနတဲ့တို႔ထိ သုတ္ရင္းေျပာလာသည္။
" ကိုယ္သိၿပီ ... မင္းတို႔ႏွစ္ေယာက္ကိုဘာလို႔ သူတို႔က ကြၽင့္ကြၽင့္ႀကီးနဲ႕ ကြၽင့္ကြၽင့္ေလးလို႔ ေခၚမွန္း ... မင္းတို႔ကတကယ္တူတယ္ "
" အကိုႀကီး ... ကြၽန္ေတာ့္ကိုဟာသမလုပ္နဲ႕ဗ် "
" ဟာသမလုပ္ပါဘူးကြာ "
က်န္းက်ယ္ဟန့္ကသူ႕ကိုၿပဳံးၾကည့္လာသည္။ သူ႕ရဲ႕ႏွာေခါင္းထိပ္ေလးေတြနဲ႕နားဖ်ားေလးေတြက အလြန္အမင္းရယ္ထားမိလို႔ အနီေသြးေျပးကာ ရဲရဲကေလးျဖစ္ေနသည္။
" မင္းတို႔ကတကယ္တူတယ္ ကိုယ္ေျပာခ်င္တာ ... ခ်စ္ဖို႔ေကာင္းတယ္လို႔ေျပာတာပါ အဲ့ဒါမေကာင္းတဲ့ကိစၥမို႔လို႔လား "
သူ႕ကိုေျပာေနရင္းနဲ႕ က်န္းက်ယ္ဟန့္က ကြၽင့္ကြၽင့္ေလးရဲ႕ေခါင္းလုံးေလးကိုဆြဲဖြလိုက္သည္။ အျဖဴေကာင္ေလးကသေဘာက်ေက်နပ္သြားဟန္ႏွင့္ သူ႕ေရွ႕ေျခေလးႏွစ္ေခ်ာင္းကို က်န္းက်ယ္ဟန့္ေပါင္ေပၚတင္ၿပီးက်န္းက်ယ္ဟန့္လက္ကေလးေတြကို လ်က္ေနေတာ့သည္။ က်န္းက်ယ္ဟန့္က ထိုေကာင္ေလးမ်က္ႏွာကိုလက္နဲ႕ဆြဲယူခံထားၿပီး အေမႊးဖြားဖြားေခါင္းေလးကိုအနမ္းေပးလိုက္၏။
ထိုျမင္ကြင္းကိုၾကည့္ရင္း အခုေလာေလာဆယ္ခံစားလိုက္ရေသာ ရွင္းမျပနိုင္သည့္ ျပင္းျပင္းျပျပဆႏၵႀကီးက ဘယ္လိုဟာမ်ိဳးႀကီးလဲ ကုန္းကြၽင့္နားမလည္နိုင္။ Samoyedေခြးေလး ေနရာမွာသူသာျဖစ္လိုက္ခ်င္ေတာ့သည္။
" သူခင္ဗ်ားကိုသေဘာက်တယ္နဲ႕တူတယ္ "
ေနာက္ဆုံးေတာ့ အယ္ဖာေကာင္ေလးစကားတစ္ခြန္းေျပာလာသည္။
" အိုး...ဟုတ္လား ဂုဏ္ယူစရာပဲ ဒီေကာင္ေလးကဒီကိုလာသမွ်လူတိုင္းရဲ႕အခ်စ္ေတာ္ေလးျဖစ္ေနမွာ "
" ဟုတ္တယ္သူက ကြၽန္ေတာ္တို႔ကာစတန္မာေတြရဲ႕ အခ်စ္ဆုံးေတြထဲကတစ္ေယာက္ "
ကုန္းကြၽင့္ ၾကမ္းျပင္ေပၚဒူးေထာက္ထိုင္ခ်ကာ အၿပဳံးေလးႏွင့္ ေခြးေလးဆီလက္လွမ္းလိုက္၏။
" သူတို႔ရဲ႕ၿပဳံးေနတဲ့ပုံစံက မ်ိဳးရိုးဗီဇေၾကာင့္ေလ ဒီေခြးအမ်ိဳးအစားကအေကာင္တိုင္းဒီ႐ုပ္ပဲ "
" ေအာ္... "
" ဒီေခြးေတြက ကမၻာအေအးဆုံးေဒသကေနလာတာေလ သူတို႔ကို သမင္ေက်ာင္းဖို႔ေမြးၾကတာ သူတို႔သြားေရေတြပါးစပ္နားစုၿပီး ေက်ာက္စက္ပန္းဆြဲလိုျဖစ္လာရင္ အေျခအေနမေကာင္းဘူး ဒါေၾကာင့္သူတို႔ကအဲ့ဒီဟာကိုကာကြယ္ဖို႔သားေပါက္ေပးရတာ "
" ကိုယ္သိၿပီ "
ထိုအိုမီဂါက ကြၽင့္ကြၽင့္ေလးရဲ႕လည္ပင္းကိုပြတ္သပ္ေပးေနရင္းေျပာလာသည္။
" ဒီလိုေမြးရာပါပါလာတဲ့အၿပဳံးေလးနဲ႕ေကာင္ေလးကို ဘယ္သူကခ်စ္စရာမေကာင္းဘူးလို႔ေတြးမိမွာလဲ "
ေခြးကေလးကေတာ့ သူ႕ေရွ႕ကလူေတြေျပာေနတာနားလည္ဟန္မတူ။ ဒီအတိုင္းေလး သူ႕ေရွ႕ကလူသားက သူ႕ကိုပြတ္သပ္ေပးေနျခင္းအေပၚသေဘာတက်နဲ႕လွ်ာေလးထုတ္ၿပီး ေမြးရာပါအၿပဳံးေလးကိုသာရိုးရိုးရွင္းရွင္းေလးလွစ္ဟျပထားသည္။ ထိုျမင္ကြင္းကျမင္ရသူတိုင္းအဖို႔ ခ်စ္စရာကေလးျဖစ္ေနသည္။
" ကိုယ္... ျပန္သင့္ၿပီထင္တယ္ "
က်န္က်ယ္ဟန့္အဝတ္ေတြအကုန္လုံး ေခြးေမႊးမ်ားျပည့္ေနသည္။ သူက လက္က်န္Espressoကိုေမာ့ခ်လိဳက္ၿပီး မတ္တပ္ထရပ္လာသည္။
" ဒီေန႕အတြက္ကိုယ္နဲ႕စကားေျပာေပးလို႔ေက်းဇူးပါ ဒါကေကာ္ဖီဖိုး ပိုတဲ့ဟာမင္းယူထားလိုက္ေတာ့ "
"ကြၽန္ေတာ္ကသာ ေက်းဇူးတင္ရမွာပါ ... ခင္ဗ်ားဒီကိုလာရတာသေဘာက်မယ္လို႔ေမွ်ာ္လင့္ပါတယ္ "
" ကိုယ္သေဘာက်တာေပါ့ .... ေနာက္ထပ္လည္းကိုယ္အခြင့္ေရးရရင္ထပ္လာခဲ့ဦးမယ္ "
" ဟုတ္ကဲ့ လာသာလာခဲ့..."
ေျပာၿပီးမွသူ႕ပုံစံကဒီလူလာမွာကိုအရမ္းတက္ႂကြေနတဲ့ဟန္ေပါက္ေနတာေၾကာင့္ ကုန္းကြၽင္းအနည္းငယ္ရွက္သလိုျဖစ္သြားသည္။
" ဟို ... ဒီေကာင္ေလးက ခင္ဗ်ားကိုသေဘာက်တယ္ေလ ခင္ဗ်ားသာထပ္လာရင္ သူေပ်ာ္သြားမွာ "
ကုန္းကြၽင့္ေခ်ာင္းတစ္ခ်က္ဟန့္ၿပီး ခပ္ျမန္ျမန္ေျပာလိုက္သည္။
" ေအာ္ ... ကြၽင့္ကြၽင့္က ကိုယ့္ကိုသေဘာက်တာလား "
က်န္းက်ယ္ဟန့္က ထိုစကားေျပာေနစဥ္ေခြးေလးကိုေနာက္ဆုံးတစ္ႀကိမ္ပြတ္သပ္ေပးလိုက္သည္။
" ကိုယ္သြားေတာ့မယ္ေနာ္... ေနာက္ေန႕မွေတြ႕တာေပါ့ကြၽင့္ကြၽင့္ "
သူကေခြးကေလးကိုၾကည့္ၿပီးေျပာေနရာမွာ ေနာက္ဆုံးက်ေတာ့မွသူ႕မ်က္လုံးေတြက ကုန္းကြၽင့္ရွိရာကိုၾကည့္လာသည္။ အယ္ဖာေလးမွာ ေနရာတင္ေတာင့္ခဲသြားၿပီး မလႈပ္ရွားနိုင္စကားမေျပာနိုင္ျဖစ္သြားရသည္။
ဘာေနေန ယင္းအိုမီဂါကေတာ့ သူ႕အၾကည့္ရဲ႕အဓိပၸါယ္ေတြကို အထူးတလည္ရွင္းျပေနမဲ့သူမ်ိဳးမဟုတ္။ သူ႕ႏႈတ္ခမ္းသားလွလွေလးမ်ားအထက္ကိုေကြးၫြတ္တက္သြားၿပီး ေသသပ္တဲ့အၿပဳံးေလးတစ္ခုျဖစ္လာသည္။ ထို႔ေနာက္သူက ကုန္းကြၽင့္ကိုလက္ျပကာ ဆိုင္ထဲမွာထြက္သြားေတာ့၏။
______________________________________
အျပင္ဘက္ရွိ ကားအနက္ေရာင္ေဘးတြင္ အျဖဴအမည္းဝတ္စုံႏွင့္ ေယာက္်ားတစ္ေယာက္ရပ္လ်က္ရွိၿပီး ေနကာမ်က္မွန္မွတစ္ဆင့္ လက္ပတ္နာရီကို ၾကည့္ႆေနသည္။ သူ႕အနားမွာတျခား သူလိုဝတ္စားထားတဲ့လူႏွစ္ေယာက္ရွိေနၿပီး သူတို႔ကဘာမွမလႈပ္ရွားၾကေသးေသာ္ျငား သတိအျပည့္ျဖင့္ပတ္ဝန္းက်င္အေျခေနကို စနည္းနာေနၾကသည္။ ေနာက္ဆုံးေကာ္ဖီဆိုင္တံခါးေလးပြင့္လာၿပီး ေခါင္းေလာင္းသံကခြၽမ္ခနဲထြက္ေပၚလာ၏။
"သြားမယ္ "
က်န္းက်ယ္ဟန့္မွာ ဆိုင္အတြင္းမွထြက္လာၿပီးကားဆီေလွ်ာက္လာသည္။ ေစာနက အယ္ဖာေကာင္ေလးႏွင့္ေခြးကေလးကိုစကားေျပာေနစဥ္ကႏွင့္ျခားနားစြာ သူ၏အၿပဳံးတို႔ကတမုဟုတ္ခ်င္းေပ်ာက္ကြယ္သြားၿပီး ခပ္တန္းတန္းမ်က္ႏွာအမူအရာက သူ႕ဆီအစားထိုးလို႔လာသည္။ ရိုးရိုးရွင္းရွင္း စကားလုံးႏွစ္လုံးနဲ႕တင္ သူ႕အနားအခုနကအျဖဴမည္းလူေတြစုလာသည္။ အရပ္ရွည္ရွည္နဲ႕သူက သူ႕ကိုကားတံခါးဖြင့္ေပးလာသည္။
" သူက boss ရွာေနတဲ့သူလား "
" ဟုတ္တယ္သူပဲ "
က်န္းက်ယ္ဟန့္ျပန္ေျဖလိုက္သည္။
" လမ္းမွာသြားရင္းေျပာရေအာင္ ငါတျခားကိစၥတစ္ခုမင္းနဲ႕ေဆြးႏြေးစရာရွိေသးတယ္ "
ထိုလူက စကားတစ္ခြန္းမွမဆိုေလပဲနာခံသည္။ သူ႕အတြက္တံခါးပိတ္ေပးခဲ့ရင္း သူကိုယ္တိုင္ကေရွ႕ခန္းမွာဝင္ထိုင္သည္။ ထို႔ေနာက္ကားအနက္ေရာင္ေလးမွာ ေကာ္ဖီဆိုက္ေရွ႕မွ ေမာင္းထြက္ကာသြားေတာ့သည္။
" သူ႕ပုံစံကအဆင္ေျပပါတယ္ စေကာ္လာေက်ာင္းသားတစ္ေယာက္ရွိသင့္ရွိထိုက္တဲ့ပုံစံမ်ိဳးပါပဲ "
ေရွ႕မွာထိုင္ေနတဲ့သူကေျပာလာသည္။
" Boss တျခားသူေတြနဲ႕ဆို ဒါမ်ိဳးအဖက္လုပ္ၿပီးစကားမေျပာဘူးေနာ္ အထူးသျဖင့္ပထမဆုံးေတြ႕တဲ့အခ်ိန္မွာ"
သူကစေနာက္တဲ့ေလသံႏွင့္ေျပာသည္။ က်န္းက်ယ္ဟန့္ကသူ႕ေျခေထာက္ရွည္ရွည္ေတြကို ခ်ိတ္လိုက္ၿပီးေနာက္ၾကည့္မွန္ကိုၾကည့္ကာေျပာလိုက္သည္။
" အျပဳအမူေတြ႐ုတ္တရက္ႀကီးေျပာင္းသြားတာ ဘာသေဘာလဲေရွာင္ယြီ "
ေရွာင္ယြီခါးမတ္သြားၿပီးလည္ေခ်ာင္းရွင္းလိုက္သည္။ သူ႕ေနာက္ကအိုမီဂါbossနဲ႕မ်က္လုံးခ်င္းမဆုံေအာင္ ေရွာင္ရွားရင္း ေနာက္ၾကည့္မွန္ကေနသူလွမ္းၾကည့္ေျပာလိုက္သည္။
" ဘာမွမျဖစ္ပါဘူး Boss "
သူကေျပာလိုက္သည္။
"အသက္က ၂၂ ႏွစ္ C နယ္သားျဖစ္ၿပီးေတာ့ မိဘေတြအဖိုးအဖြားေတြနဲ႕အတူေနခဲ့တယ္ မိသားစုက လယ္လုပ္တယ္ မိသားစုထဲ ဘီတာေတြလည္းရွိတယ္ မိသားစုေနာက္ေၾကာင္းအရ သူကေသြးသန့္အယ္ဖာေတာ့မျဖစ္နိုင္ဘူး သာမန္ေကာင္ေလးတစ္ေယာက္ပါပဲ "
" မင္းေျပာတာဟုတ္တယ္ "
က်န္းက်ယ္ဟန့္ကေျပာလိုက္သည္။
" သူ႕ကိုေသခ်ာေစာင့္ၾကည့္ထား သိပ္လည္းမသိသာေစနဲ႕ သူ႕ကိုေၾကာက္ေအာင္မလုပ္မိေစနဲ႕ ထြက္ေျပးသြားလိမ့္မယ္"
"ထြက္ေျပးရေအာင္ သူကဘယ္ေျပးနိုင္မွာမို႔လို႔လဲ ... ဒီၿမိဳ႕တစ္ဝက္ေလာက္ကမင္းပိုင္ေနတာပဲကို "
ေရွာင္ယြီမ်က္ဆံလွန္ကာေျပာလိုက္သည္။
" ေဘာ့စ္ကဒါျဖစ္ခ်င္တယ္ဆိုေတာ့လည္း ငါတို႔တာဝန္ကနာခံရမွာပါပဲ ၿပီးေတာ့ငါတို႔လူေတြကိုငါအဲ့ေကာင္ေလးရဲ႕အလုပ္ခ်ိန္ေတြစုံစမ္းခိုင္းထားတယ္ သူဘယ္ေန႕အလုပ္လုပ္တတ္လဲ မင္းသိခ်င္လိုသိခ်င္ျငား..."
" ဒါဆိုမင္းကိုပဲယုံၾကည္လိုက္ေတာ့မယ္"
က်န္းက်ယ္ဟန့္ကတစ္ခ်က္လွစ္ခနဲၿပဳံးရင္းေျပာသည္။ ထိုအၿပဳံးကစကၠန့္ပိုင္းမွ်သာၾကာလိုက္ၿပီး တခဏႏွင့္ကြယ္ေပ်ာက္သြားသည္။ စကားဆုံးေတာ့သူ႕မ်က္ႏွာကေအးစက္စက္အရိပ္ေတြျပန္ေရာက္လာျပန္သည္။
" ၿပီးေတာ့ ေရွာင္ယြီ မင္းကိုငါစုံစမ္းဖို႔ေျပာထားတဲ့ တျခားကိစၥ..."
"အဲ့ဒီကိစၥက "
ေရွာင္ယြီကသူ႕ဖုန္းကိုဖြင့္ၿပီး document တစ္ခ်ိဳ႕ထုတ္ျပလာရင္းေျပာသည္။
" အဲ့ကိစၥကအခုထိစုံစမ္းေနတုန္းပဲ ေစာင့္ၾကည့္ကင္မရာသမားေတြဆီကေန မနက္ျဖန္ ရလာဒ္တစ္ခ်ိဳ႕ရလိမ့္မယ္ အမည္မသိတဲ့တျခားေကာင္ေတြ ငါတို႔ဒီကိစၥနဲ႕အၿပိဳင္လႈပ္ရွားေနတယ္ ... ငါထင္တာေတာ့အဲ့ဒါဟိုေန႕ကဘားမွာမင္းသြားတဲ့ေန႕က ႐ုန္းရင္းဆန္ခတ္ျဖစ္ေအာင္လုပ္တဲ့ေကာင္ေတြေနမွာ "
" အဲ့ကိစၥေနာက္ကြယ္မွာ ဘာေကာင္ရွိေနလဲေသခ်ာစုံစမ္းထား "
က်န္းက်ယ္ဟန့္ေအးစက္စြာေျပာလိုက္သည္။
" သူတို႔ကျပႆနာေလးေတြမီးေမႊးခဲ့ၿပီး ငါတို႔ကိုေနာက္ကရွင္းရေအာင္လုပ္ၿပီးထားခဲ့တာ အဲ့ေတာ့သူတို႔ကို favourေလးျပန္ေပးဖို႔ ငါတို႔ဒီေလာက္ေတာ့လက္တုံ႕ျပန္ရမယ္မလား.... "
****************************
With love,
Xiao YuYu.
Bạn đang đọc truyện trên: WatTruyen.Top